ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားရှိ စီသရီးတောင်စခန်း(ပွိုင့်-၃စခန်း) ကို နိုဝင်ဘာ ၂၆ရက်မှာ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီလို့ သိရပါတယ်။ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိစခန်းတွေကို အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီး ပြန်လည်ရယူခဲ့ရာက နို၀င်ဘာ ၂၂ရက်နေ့မှစတင်ကာ အဆိုပါစခန်းတွေကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်တယ်လို့ The Chin Journal က ဖော်ပြပါတယ်။
သိမ်းပိုက်ရရှိတဲ့ ပွိုင့် ၃စခန်းကနေ စက်သေနတ် ၁လက်အပါအဝင် သေနတ် ၆လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ဟားခါးမြို့အနီး Rual-U သုသာန်၀န်းကျင်နဲ့ ဟားခါး-ထန်တလန်အကြားမှာ နို၀င်ဘာ ၂၂ရက်နေ့မှစတင်ကာ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး မနေ့က နို၀င်ဘာ ၂၆ရက်နေ့အထိ စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုအပြင် ဟားခါးမြို့ ၂၆၆ တပ်စခန်းမှလက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှစတင်ဆင်နွှဲခဲ့ရာ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်ထားနိုင်ခဲ့ရာ စစ်ကောင်စီဘက်က ဟားခါးကနေ စစ်ကူအင်အားအလုံးအရင်းနဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်အတွင်း၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲများ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နဲ့ မဟာမိတ်တပ်ပေါင်းစုများက နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မင်းတပ်မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ