Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 13, 2025

ကမ်ပိန်းသတင်း၊”တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်း

“တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းကတော့ Clean Yangon မှ ဆရာမသဉ္ဇာ‌အေးရဲ့ မွေးနေ့အလှူကမ်ပိန်းပဲ ဖြစ်ပါတယ်။ စစ်ရှောင်ဒေသတွေမှာလိုအပ်ချက်တွေ လိုအပ်တာတွေ အများကြီးရှိနေပေမယ့် အဲဒီထဲကမှ အလိုအပ်ဆုံးဖြစ်နေတဲ့ ခွဲစိတ်ခန်းတစ်ခု၊လူနာတင်ယာဉ်တစ်စီးနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတာကြောင့် “တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ကမ်ပိန်းကာလကိုတော့ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့ထိ သတ်မှတ်ထားပြီး တားဂတ်အနေနဲ့ ကျပ်သိန်း(၁၀၀၀) မျှော်မှန်းထားပါတယ်။

ယခု မွေးနေ့အလှူကမ်ပိန်းက ရရှိလာမယ့် အလှူငွေတွေကိုတော့ ကရင်နီဒေသရဲ့ ဆေးရုံတစ်ရုံမှာ ခွဲစိတ်ခန်းတည်ဆောက်ပြီး ဒေသခံလူမှုကူညီရေးအသင်းအတွက် လူနာတင်ယာဉ်၊ နွေဦးသူရဲကောင်းနဲ့ စစ်ဘေးရှောင်သွေးချင်းတို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။”တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းအစီအစဉ်လေးကို စိတ်ပါဝင်စားလို့ ကူညီပေးမယ့် အလှူရှင်များကိုလည်း နည်းသည်များသည် ပဓာနမထားပဲ အမှတ်တရ မှတ်တမ်းတွေပြန်ပေးသွားမှာဖြစ်သလို စိန်လက်စွပ်အပါအဝင် ရတနာပစ္စည်းတွေနဲ့ လက်ဆောင်ရထားတဲ့ အမှတ်တရပစ္စည်းတွေကိုမေတ္တာလက်ဆောင် ပြန်ပေးသွားမှာလို ဆိုပါတယ်။

ဒါကြောင့် “တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းအစီအစဉ်လေးကို ပါဝင်ကူညီချင်တယ်ဆိုရင်တော့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ OFP Fundraisers များကတစ်ဆင့်ပါဝင်ပံ့ပိုးနိုင်ပါတယ်။Clean Yangon အဖွဲ့ဟာ နိုင်ငံတဝှမ်း သန့်ရှင်းသာယာစေလိုသော ရည်ရွယ်ချက်ဖြင့် စေတနာ့ဝန်ထမ်းလူငယ်များမှ ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ဘေးရှောင်ဒေသများ၌ လူသားချင်းစာနာမှုဖြင့် လူမှုကူညီရေးလုပ်ငန်းများအနေနဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စားနပ်ရိက္ခာမျှဝေခြင်း၊ ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးခြင်း၊ သင်တန်းများပြန်လည်ပို့ချပေးခြင်း၊ ကလေးငယ်များအား စိတ်ဓါတ်ခွန်အားများ မျှဝေပေးခြင်း နှင့် အဟာရဒါနကျွေးမွေးခြင်းတို့ကို ထိထိရောက်ရောက်ဆောင်ရွက် နေကြတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

You may have missed