Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

အာဏာသိမ်းအုပ်စုတွေနေထိုင်တဲ့ နေပြည်တော် အိမ်ယာဝင်းတွေထဲ ဒရုန်းတွေရောက်ရှိခဲ့ပါတယ်

နိုဝင်ဘာ ၂၅ ရက်နေ့ မနေ့က ညွှန်ချုပ်တွေနေထိုင်ရာ အိမ်ယာဝင်းတွင်းကို ဒရုန်းတစီး ကျရောက်မှုဖြစ်ခဲ့ပါတယ်။ အဆိုပါ fixed wing ဟာ ၇ ပေအရှည်ရှိပြီး တောင်ပံအရှည်က ၁၃ ပေရှိတယ်လို့ သတင်းများကဖော်ပြပါတယ်။ ကျရောက်ခဲ့တဲ့နေရာဟာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ၊ မီးသတ်နဲ့ ပညာရေးစတဲ့ အဆင့်မြင့်အရာရှိတွေနဲ့ နီးနေပြီလို့လည်း သိရပါတယ်။ ပျက်စီးပြီးမှကျလာတဲ့ အဆိုပါဒရုန်းဟာ ဗုံးသီးပါဝင်တာမတွေ့ရပေမယ့် GPS တပ်ထားကြောင်းလည်း သိရပါတယ်။ အလားတူအတိုင်းပဲ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ Myanmar International Convention Center (MICC-2) အဆောက်အဦးကို နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီ မိနစ် ၄၀ ခန့်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခံတာခံခဲ့ရတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ် ။ နေပြည်တော်အနီး တိုက်ခိုက်ခံရတိုင်းမှာ စစ်ကောင်စီဘက်ကတော့ သတင်းတွေကိုအမှောင်ချထားလေ့ရှိတာပါ။ ဒီတိုက်ခိုက်မှုမှာတော့ ရဲနဲ့စစ်ကောင်စီ တပ်သားတချို့ ထိခိုက်ဒဏ်ရာရကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC 2) အဆောက်အဦးဟာ နိုင်ငံတော်အဆင့် အခမ်းအနားများ ပြုလုပ်တဲ့ အဆောက်အဦတခု ဖြစ်ပါတယ်။ ခုတော့ နေပြည်တော် ကကကြည်း စစ်ရုံးချုပ်အပါအဝင် အရေးကြီးရာ နေရာတွေကို လုံခြုံရေးပိုမိုတိုးမြှင့်ထားပြီး စစ်တပ်မိသားစုတွေကိုလည်း လုံခြုံရေးတပ်လှန့်ထားကြောင်း ဖရဲသီးသတင်းကဆိုပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်ခရီးစဉ်တုန်းကလည်း နေပြည်တော်လေဆိပ်ကို ဒရုန်းတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ နိုင်ငံတော်အဆင့် အမြင့်ဆုံးလုံခြုံရေးစနစ်တွေနဲ့ ပုန်းအောင်းနေရတဲ့နေပြည်တော်ရပ်ဝန်းဟာ တော်လှန်ရေးတပ်များရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ မကြာခဏ ကျရောက်လာပါပြီ။ ဒရုန်းတွေပျံသန်းကျရောက်လာခြင်းမှာ လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ခံစားချက်နဲ့ စစ်ခေါင်းဆောင်အပေါ် ယုံကြည်မှုတွေကင်းမဲ့နေကြတဲ့အချိန် ဖြစ်ပါသည်။

You may have missed