Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 9, 2025

မြိတ်ခရိုင်အတွင်း မြို့ ၂မြို့က စစ်တပ်စခန်း တွေကို ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်သား ၄ဦးသေဆုံး

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက စစ်တပ်စခန်း ၂ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ Dragon Squad – TNI အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကျွန်းစုမြို့နယ်အတွင်းရှိ ဝါရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြိတ်မြို့နယ်အတွင်းရှိ တုံးဗျောစခန်းတို့ကို ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ( ၄ )ဦးသေဆုံးပြီး အထိအခိုက်ဒဏ်ရာရသူများလည်းရှိကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်တို့ဟာ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာ တည်ရှိပြီး ထားဝယ်ခရိုင်အတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေစုပေါင်းကာ ထားဝယ်တပ်ပေါင်းစုကို နိုဝင်ဘာ ၁၈ရက်မှာ ဖွဲ့စည်ပြီး အာဏာရှင်အမြစ်ပြတ်သည်အထိ တွန်းလှန်သွားမယ်လို့ ကြေညာထားပါတယ်။

You may have missed