Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

မထောစခန်းကြီးကို သိမ်းပိုက်ပြီးနောက် တပ်ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာ ၁၀ဦးထပ်မံသေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီရဲ့ မထောစခန်းကြီးကို သိမ်းပိုက်ပြီးနောက် တပ်ဆုတ်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာ ၁၀ဦးထပ်မံသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်က KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်မဟာမဟာမိတ်စစ်သည်တော်တွေက မထောအခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ-၄၀၄/၄၀၇/၄၀၈ကို အပြီးသတ်တိုက်ခိုက်ရှင်းလင်းချေမှုန်းနိုင်ခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါစခန်းသိမ်းပိုက်စဉ်အတွင်း တောင်ဖက်ရှိ ၎င်းတို့တပ်စခန်းများရှိရာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နဲ့ ထွီသီးအူ(ခွေးသေ) ဘက်ကို တပ်ဆုတ်ထွက်ပြေးရာ လမ်းခုလတ်မှာ တော်လှန်ရေးတပ်တွေက အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်ရှုံးမြန်မာ့တပ်မတော် (၁၀)ဦးထပ်မံသေဆုံးပြီး မြေပြင်မျက်မြင်သတင်းများအရ (၂၀)မျှ ကစဉ့်ကလျားသုတ်ခြေတင်ထမ်းပိုးသယ်ဆောင်သွားကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲနှစ်ကြိမ်အတွင်း အကြမ်းဖက်စစ်ရှုံးမြန်မာ့တပ်မတော်ရဲ့ RPG-7တလက်နဲ့ ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁မမတစ်လက်နှင့် ၎င်းကျည်သီး(၆)လုံး၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည်(၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တစ်လုံး၊ ခွင်းဗုံး(၅၃)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနှင့် စားသုံးဆီ(၂)ပုလင်း အသီးသီးသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်ကလဲ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကြီးကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသူတွေကို လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်သား ၁၇ဦးကို လက်နက်တွေနဲ့တကွ ဖမ်းဆီးရမိခဲ့ပါတယ်။KNLA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်းနဲ့ မထောစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ရင်းမှူး၊ ဒုတပ်ရင်းမှုးများအပါအဝင် သုံ့ပန်းများ၊ အလောင်းများနဲ့ လက်နက်ကြီးလက်နက်ငယ်များစွာကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

You may have missed