Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

နေပြည်တော် ညွှန်ချုပ်တွေနေထိုင်တဲ့ အိမ်ယာဝင်းထဲကို ဒရုန်း တစ်စင်းကျ

နေပြည်တော်က ညွှန်ကြားရေးမှူးချုပ်တွေနေထိုင်တဲ့ အိမ်ယာဝင်းထဲကို ဒရုန်း တစ်စင်းကျရောက်မှုဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။မနေ့က မနက်ပိုင်းမှာ ကျန်းမာရေး၊ မီးသတ်နဲ့ ပညာရေးညွှန်ကြားရေးမှူးချုပ်တို့ နေထိုင်တဲ့ အိမ် တွေရှိတဲ့ ဝင်းထဲကို ကိုယ်ထည် ၇ ပေ ရှည်ပြီး တောင်ပံ ၁၃ ပေရှည်တဲ့ Fixed Wing ဒရုန်းတစ်ခု ကျရောက်ခဲ့တာလို့သိရပါတယ်။

ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာတော့ မသိရှိရသေးပေမယ့် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကတော့ မြေပြင်မှာ ပြန်တွေ့ရတဲ့ ဒရုန်းမှာတော့ ဗုံးသီးမပါပဲ GPS တပ်ထားတာကိုတွေ့ရတယ်လို့ ပြောကြားကြောင်း ဘီဘီစီက ဖော်ပြပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းထိ စစ်နယ်ချဲ့နေပြီး လုံခြုံရေးတင်းကြပ်ထားတဲ့နေရာတွေ အထိ ထိုးဖော်တိုက်ခိုက်နေပြီလို့ ဒီနေ့မနက်ပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်”မှာ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

You may have missed