Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2025

ရွှေဘိုမှာ ပျူစောထီးတွေနဲ့ စစ်တပ်က မင်္ဂလာပွဲကျင်းပနေစဉ် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပျူစောထီးတွေနဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်္ဂလာပွဲကျင်းပနေစဉ် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်တဲ့ အင်အား ၅၀ ခန့်ပါ စစ်သားနဲ့ပျူတွေဟာ ဝင်ရောက်စီးနင်းပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မင်္ဂလာဆောင်ပွဲအတွင်း ထွက်ပြေးနိုင်ခြင်းမရှိတဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။ဇီးဖြူကုန်းရွာက ပျူခေါင်းဆောင် အောင်သာခိုင်ဟာ ၁မိုင်ကျော်လောက်သာဝေးတဲ့ နှမစားရစ်ရွာကို မကြာခဏလာရောက်လေ့ရှိပြီး စစ်သားနဲ့ပျူအုပ်စုကို မင်္ဂလာဆောင်သို့ ခေါ်ဆောင်ဝင်ရောက်လာခြင်းဖြစ်ပြီး ချက်ပြုကျွေးမွေးတဲ့ ထမင်းဟင်းတွေယူဆောင်ကာ ပြည်သူတွေကို ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့သွားတာ ဖြစ်ပါတယ်။ပျူစောထီးခေါင်းဆောင် အောင်သာ ခိုင်ဟာလည်း နှမစားရစ်ရွာသားဖြစ်ပြီး ပျူစောထီးစခန်းရှိတဲ့ ဇီးဖြူကုန်းမှာ နေထိုင်ကာ ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေပြီး အခုဖမ်းဆီး သွားသော ပြည်သူ ၁၀ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

နှမစားရစ်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်သားများ မီးရှို့မှု ကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ အခုနှစ်မှာလည်း ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်နေထိုင်ကြခြင်ဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ရက်ကလည်း စစ်ကောင်စီတပ်ဟာ ရွှေဘို၊ နှမစားရစ်ကျေးရွာက စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်မပေးလို့ ပစ်သတ်ခဲ့ပါသေးတယ်။

You may have missed