မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရေးမြို့နယ်မှာ အင်အားကြီး ပျူခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လင်းဦး ဒဏ်ရာပြင်းထန်ရရှိပြီး အုပ်ချုပ်ရေးမှူးနဲ့ အများအပြားလဲ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်း စစ်တပ်နဲ့ ၎င်းတို့ထောက်တိုင်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို နှိမ်နင်းနေတဲ့အဖွဲ့ဖြစ်ပြီး စစ်မှုထမ်းကောက်ခံခြင်း၊ သန်းခေါင်းစာရင်းကောက်ခံမှုများ မပြုလုပ်ရဲအောင် ပြည်သူတွေကို ကာကွယ်ပေးနေတဲ့အဖွဲ့လဲဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ