တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တွေစုပေါင်းပြီး ထားဝယ်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁တပ်ရင်း၊ အမှတ် ၂တပ်ရင်းနဲ့ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံမြို့နယ်၊ ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖများပူးပေါင်းပြီး ထားဝယ်ခရိုင် တပ်ပေါင်းစုကို အောက်တိုဘာ ၂၈ရက်မှာ စတင်ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အမိန့်တစ်ခုတည်းအောက် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့၊ ဘုံရန်သူကို စုပေါင်းအားဖြင့် တွန်းလှန်တိုက်ခိုက်ဖို့နဲ့ တူညီတဲ့ ဘုံရည်မှန်းချက်အတိုင်း အကောင်ထည်ဖော် ဆောင်ရွက်နိင်ဖို့အတွက် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အင်ာအးုများ၊ ဒေသအခြေပြုလက်နက်ကိုင်အင်အားစုများ (Local PDF )၊ ထောက်ပို့အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်းမီဒီယာကွန်ယက်များအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အပြန်အလှန်ယုံကြည်လေးစားမှုနဲ့ ဖေးမကူညီထိန်းကျောင်းသွားပြီး စည်းလုံးညီညွတ်စွာပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစန်စ်အောင်မြင် ဖော်ဆောင်နိုင်ရေးင်းဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ