မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ဆီးမီးခုံကျေးရွာရှိ လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၂ဦးသေဆုံးပြီး လက်နက်များရရှိခဲ့ကြောင်း MP 9 အဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၂နာရီခွဲအချိန် မြင်းခြံမြို့နယ် ဆီမီးခုံရွာရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ ရဲတပ်သား သုံးဦးပစ်ခတ်ခံရပြီး ၂စ်ဦးသေဆုံးကာ ၁ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။၎င်းတို့ထံက လက်နက်များလည်း သိမ်းဆည်းရမိပြီး ပစ်ခတ်မှုဖြစ်ပွားရာနေရာဟာ ရဲစခန်းနဲ့ မီတာ ၂၀၀ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုကို MP9 ၊ မိုင်းဇာနည် ၊ တလုပ်PDF နှင့် ရွှေဂျိုးဖြူတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြာချိန် ၅မိနစ်ခန့်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူထိခိုက်မှု မရှိပေမယ့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဆီမီးခုံကျေးရွာအနောက်ခြမ်းကို လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။မြင်းခြံမြို့နယ်ရှိ ကျေးရွာတွေအတွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ