ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNLA တပ်မဟာ ၅နယ်မြေ၊ ဖာပွန်-ကမမောင်းလမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ မထောအခြေစိုက်စခန်းကို အလုံးစုံသိမ်းပိုက်ရရှိပြီလို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။စစ်ရေးအရ မဟာဗျူဟာကျတဲ့ အဲ့ဒီစခန်းကို နိုဝင်ဘာ လလယ်လောက်မှာ KNLA တပ်မဟာ ၅နဲ့ ပူးပေါင်းတပ်တွေကိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့က နိုဝင်ဘာ ၂၂ရက် မနက် ၇နာရီ ၄၈မိနစ်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရရှိမှုနဲ့ သိမ်းဆည်းရရှိမှု အချက်အလက်အပြည့်အစုံကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလဲ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ အရေးပါတဲ့ ခေါပုတ်စခန်းကြီးနဲ့ ကူးဆိပ်စခန်းတို့ကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းများစွာ ၊ လက်နက်ခဲယမ်းများစွာရရှိထားပါတယ်။KNLA ပူးပေါင်းတပ်တွေဟာ ကူးဆိပ်စခန်းကို သိမ်းယူပြီးနောက် မထောစခန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဖာပွန်- ကမမောင်းလမ်းပေါ်မှာ တောင်သုံးလုံးစခန်းနဲ့ ကတိုင်တိစခန်း ၂ခုသာ သိမ်းပိုက်ဖို့ကျန်ရှိနေတယ်လို့ သိရပါတယ်။အဆိုပါစခန်းတွေကို သိမ်းပိုက်ပြီးပါက ကရင်နယ်ခြားစောင့်တပ် BGF အထိုင်ချထားတဲ့ ကမမောင်းမြို့ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။တပ်မဟာ-၅၊ ဖာပွန်ဒေသတခုလုံးမှာတော့ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းအားလုံးနီးပါးကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး စစ်စခန်း ၁၀ခုခန့်သာ ကျန်ရှိတော့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ