Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

အန်ယူဂျီအစိုးရ ဘွဲ့လက်မှတ်ဖြင့်ကျူလာလောင်ကွန်တက္ကသိုလ်ဝင်ခွင့်ရ

အန်ယူဂျီအစိုးရက အပ်နှင်းတဲ့ဘွဲ့လက်မှတ်များဖြင့် မြန်မာကျောင်းသူ နှစ်ဦးကို ထိုင်းနိုင်ငံရဲ့အထင်ကရ တက္ကသိုလ်ဖြစ်တဲ့ ချူလာလောင်ကွန်က တက္ကသိုလ်တက်ခွင့်ပေးခဲ့ကြပါတယ်။ အဆိုပါ ကျောင်းသူနှစ်ဦးဟာ ဆေးတက္ကသိုလ်(မန္တလေး)မှ Final Part II ကျောင်းသူ မဆုပြည့်မျိုးသွက် နဲ့ မသဉ္ဇာထက် တို့ ဖြစ်ကြပြီး CDMer ကျောင်းသူများဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်က ဆေးတက္ကသိုလ်အစား အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆေးပညာဆိုင်ရာဘွဲ့ကို ရယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဘွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာနိုင်ငံ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်မှ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ ပါမောက္ခဒေါက်တာခင်မောင်လွင်ကလည်း အဆိုပါဘွဲ့နဲ့ပက်သက်လို့ “ အတုမဟုတ်ဘူး အစစ်ပါဗျ ရေတောင်မရောပါဘူး” စသဖြင့် လူမှုကွန်ရက်ပေါ်မှာ အတည်ပြုခဲ့ပါတယ်။ ကျွန်တော်လက်မှတ်ထိုးထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်တွေက အစစ်တွေပါ Online Medical Teaching ကနေသင်ကြားတတ်မြောက်ပြီး စာမေးပွဲတွေဖြေဆိုအောင်မြင်သွားကြတဲ့ ကလေးတွေကို ကျွန်တော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးထုတ်ပေးထားတာပါ အဲဒါကို S ရူး တွေက အတုလို့ပြောနေကြတာတော့ စဉ်းစားကြည့်ကြပေါ့ အဓိက ကတော့သူတို့မလုပ်နိုင်တာတွေကိုကျွန်တော်တို့လုပ်နိုင်နေလို့ မနာလိုဖြစ်နေကြတာအသိသာကြီးပါ” လို့ နိုဝင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ ရေးသားထားပါတယ်။ အဆိုပါဘွဲ့ဖြင့် ကျောင်းသူနှစ်ဦးဟာ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်တက်ရောက်ဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့သတင်းမှာ ပယ်ချခံရကြောင်းရေးပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ ကျောင်းသူနှစ်ဦးဟာ တက္ကသိုလ်တက်ရောက်ခွင့်ရနေပြီလို့ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ ပယ်ချမခံရပါဘူး

ကျောင်းသူနှစ်ဦးက ကျောင်းတက်နေပါတယ်။ နိုတြီပြန်ပေးခဲ့သူတွေသာ ဖမ်းခံလိုက်ရတာပါ ကျနော်တို့ရဲ့ Recommendation နဲ့ ကျောင်းသူနှစ်ဦးဟာ ကျောင်းတက်နေပါပြီ” လို့ VOR ကိုပြောပါတယ်။ ထိုင်းတက္ကသိုလ်ကိုလျှောက်ထားရာမှာ ကျောင်းသူများရဲ့ အချက်အလက်တွေကို မန္တလေးဆေးတက္ကသိုလ်ထံ တောင်းခံရာမှ အခုဖြစ်စဉ်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ကျူလာလောင်ကွန်တက္ကသိုလ်အပေါ် ဖိအားပေးနေပါတယ်။ မန္တလေးဆေးတက္ကသိုလ်ကောင်စီနာယကဖြစ်သူ ပါမောက္ခချုပ် ဦးခင်မောင်လွင်သည် စစ်ကောင်စီလက်အောက်မှာမရှိပေမယ့် ဘွဲ့လက်မှတ်ထုတ်ပေးခွင့်ရှိသူ ဖြစ်တယ်လို့ ယုံကြည်စွာတာဝန်ခံပြီး ထက်မြက်စွာတာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိနေကြတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ပေးခဲ့သူ ဦးသိဏ်းချမ်း(ခ)သိန်းဝင်း ၊ ဒေါ်သက်ထက်ဦး(ခ)ဝင်းထက်မြတ် နဲ့ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြတ်မင်းသူ တို့ကိုတော့ စစ်ကောင်စီက အနိုင်ကျင့်ဖမ်းဆီးထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားကိုယ်စားလှယ်ရုံးမှလည်း တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ မြန်မာနိုင်ငံသားများကို နေထိုင်ခွင့်ဗီဇာအခက်အခဲတွေကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးကြေငြာခဲ့ပါတယ်။ အခုဖြစ်စဉ်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများရဲ့စွမ်းဆောင်နိုင်မှုနဲ့ ကျောင်းသူနှစ်ဦးဟာ ချူလာလောင်ကွန်တက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိသွားတာဖြစ်ပါသည်။

ပုံစာ – ဒေါက်တာခင်မောင်လွင်၊ စစ်ကောင်စီဖမ်းဆီးထားသောနိုတြီပြန်သူမိသားစု နှင့် NUG ရဲ့ဘွဲ့လက်မှတ်များ

You may have missed