Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီရဲတွေကို တော်လှန်ရေးတပ်တွေဝင်ပစ်ပြီး သေနတ်သိမ်းနိုင်ခဲ့ကြပါတယ်

ဆီမီးခုံမြို့ရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်တွင်း ရဲများရောက်နေစဉ် တော်လှန်ရေးတပ်တွေက ဝင်ရောက်ရှင်းလင်းရာ ငါးမိနစ်ခန့်သာ ကြာခဲ့ပါတယ်။ ဖြစ်စဉ်က နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲမှာဖြစ်ခဲ့တာပါ။မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့၊ ရွှေစည်းခုံဘုရား အရှေ့ဘက်ရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်အတွင်း ရဲ ၃ ဦးကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9 အဖွဲ့၊ တလုပ်-PDF နှင့် ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ နယ်ထိန်းရဲ ၁ ဦး၊ ရဲတပ်သား ၁ ဦး သေပြီး နောက်တဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ သိမ်းပိုက်နိုင်ခဲ့တဲ့ လက်နက်တွေကတော့ G-3 သုံးလက်ဖြစ်ပါသည်။ “ လက်ဖက်ရည်ဆိုင်အတွင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ရဲတပ်သားတွေ သေနတ်ကို ကိုင်ချိန်မရလိုက်ဘူး ဖြစ်သွားတယ်” လို့ MP9 တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်ဟာ ရဲစခန်းနဲ့ မီတာ ၂၀၀ ပဲဝေးတယ်လို့ သိရပါတယ်။ဒါ့အပြင် ဆီမီးခုံမြို့ပေါ်မှာ ရန်သူစစ်ကောင်စီတပ်များဟာ ရဲစခန်း၊ ဆေးရုံနှင့် ရေနက်ဆိပ်ကမ်းစတဲ့နေရာတွေမှာ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားတဲ့ကြားမှာပဲ ခုလိုပစ်ခတ် သေနတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါသည်။

You may have missed