ရန်ကုန်မြို့ ၊ ရေကျော်မြို့နယ် ပွဲဈေးကာလတွင် ပြည်သူများစည်ကားနေချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါက တော်လှန်ရေးရဲဘော်တွေကြောင့်မဟုတ်ဘဲ စစ်ကောင်စီလက်ချက်သာဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။ပြည်သူများထိခိုက်စေရန်ရည်ရွယ်ပြီး လုပ်ဆောင်မှာမဟုတ်ကြောင်းနဲ့ မိုင်းကွဲ ဗုံးပေါက်ပါက အကြမ်းဖက်စစ်တပ်မှ ပြုလုပ်ခြင်းသာဖြစ်တယ်လို့ မနေ့က နိုဝင်ဘာ ၂၂ရက်မှာ အသိပေးလာတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သိမ်ဖြူလမ်းထောင့်ကနေ ဗိုလ်ချူပ်အောင်ဆန်းလမ်းမအထိ အရပ်ဝတ်များဖြင့် သွားလာလှုပ်ရှားနေကြောင်း မြေပြင်သတင်းရရှိပြီး ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ကြဖို့ မြောက်ဥက္ကလာပကဖက ပြောပါတယ်။ရန်ကုန်မြို့တွင်း လူစည်ကားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သည့် ရေကျော်ပွဲဈေးကို နှစ်စဉ်ကျင်းပခဲ့ရာမှ ကိုဗစ် 19ကပ်ရောဂါကာလ ၂၀၂၀ခုနှစ်မှ စတင်ပိတ်သိမ်းခဲ့ပြီး အာဏာသိမ်းကာလမှာလည်း ရပ်နားထားခဲ့ရာက အခု ၂၀၂၄မှာ မနေ့က နိုဝင်ဘာ ၂၂ရက်ကနေ ၂၆ရက်ထိ ၅ရက်ကြာ စစ်ကောင်စီက ပြန်လည် ကျင်းပပြုလုပ်နေခြင်းဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ