Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

စစ်ကောင်စီရဲ့ မာထောက စခန်းကို KNLA နှင့်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရာ ရန်သူ ၉ ဦးသေပြီး တော်လှန်ရေးရဲဘော်တဦး အသက်ပေးလှူသွားပါတယ်

ကချင်ပြည်နယ် ရခိုင်ပြည်နယ် ရှမ်းမြောက်နှင့် နောင်ချိုတောင်ခမ်း စတဲ့ဒေသတွေမှာ စစ်ပွဲကြီးတွေပြင်းထန်နေသလို ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေခပ်စိပ်စိပ် ပြန်တွေ့ရပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ကစလို့ တိုက်ပွဲများမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဖာပွန်မြို့အထွက် မာထောရွာစခန်းကိုတိုက်ခိုက်ရာ ငါးဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ၄ ဦးထပ်မံသေဆုံးစေခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ ၂၂ ရက်နေ့ထိ ဆက်တိုက်လိုလိုတိုက်ပွဲဖြစ်ခဲ့ပြီး အနည်းဆုံး ရန်သူ ၉ ဦးသေဆုံးကာ အသေးစိတ်ကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။ အခုတိုက်ပွဲများအတွင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အတွက် တော်လှန်ရေးရဲဘော်တဦး အသက်ပေးလှူသွားကြောင်းလည်း သိရပါတယ်။ မထောအခြေစိုက် တပ်စခန်းတွင် စကခ ၈ လက် အောက် ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များ စုပေါင်းထားကြောင်း ၊ စခန်းတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိသွားကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။ အခုသိမ်းပိုက်နိုင်ခဲ့တဲ့ မာထော အခြေစိုက်တပ်စခန်းဟာ ကူးဆိပ်စခန်းနဲ့ နှစ်မိုင်ကွာမှာတည်ရှိပြီး ဖာပွန်ကမမောင်းလမ်းပေါ်ရှိ အရေးပါတဲ့တပ်စခန်းတခုလည်း ဖြစ်ပါတယ်။ ပူးပေါင်းတပ်အနေနဲ့ ပါဝင်တဲ့ BPLA တပ်မတော်မှ တပ်မှူးတဦးဖြစ်သူ မောင်ဆောင်းခကလည်း “KNU/KNLA တပ်မဟာ(၅)နယ်မြေထဲက စစ်ကောင်စီရဲ့နာမည်ကြီးလှတဲ့ မာထောတပ်စခန်းကြီးကို မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ပြီ” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေခဲ့တာ တွေ့ရှိရပါသည်။

You may have missed