Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 8, 2025

မြဝတီအသံလွှင့်ဌာနကို လက်နက်ကြီး ၃လုံးပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ လက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို လက်နက်ကြီး ၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ကြေညာပါတယ်။မနေ့က နိုဝင်ဘာ ၂၁ရက် ညနေ ၅နာရီ ၁၀မိနစ်လောက်မှာ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနကို M79 ၄၀မမ လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်း အကြမ်းဖက် စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။ပြည်သူတွေအနေနဲ့ စ်စကောင်စီနဲ့ ပတ်သတ်တဲ့ နေရာတွေနဲ့ ဝေးရာမှာ နေထိုင်ပေးကြဖို့ Yangon Aarmy က မေတ္တာရပ်ခံထားပါတယ်။

ပုံစာ -မြဝတီအသံလွှင့်ဌာန (မှော်ဘီ)ကို စစ်ခေါင်းဆောင် လာရောက်ခဲ့စဥ်

You may have missed