Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
December 9, 2025

ပြည်တော်ဝင်ဖို့ စစ်သည်တော်အသစ်များကို မန္တလေး PDF ကခေါ်ယူနေပါတယ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် နိုဝင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ စစ်သည်တော်အသစ်များကို လက်ခံဖို့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့“စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင် ‘’ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနများအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး တိုက်ပွဲပေါင်း ကြီး / ငယ် များစွာကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ကျွန်တော်တို့ MDY PDF ဟာ အခုချိန်မှာဆိုရင် တောင်စဉ်တောင်တန်းတွေကနေတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီတက်လို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရှေ့ဆက်မယ့် မြေပြန့်ဒေသ ခရီးစဉ်တွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးခရီးသွားဖော်တွေကို MDY PDF က လိုအပ်လျက်ရှိပါတယ်။ တော်လှန်ရေးအစမှာ ကျွန်တော်တို့ ပြည်သူတွေ သီဆိုဟစ်ကြွေးခဲ့ကြတဲ့ “အရေးကြီးပြီ ညီနောင် အပေါင်းတို့ ……’’ ဆိုတဲ့ သီချင်းစာသားအတိုင်းပါဘဲ ရှေ့ဆက်ဖော်ဆောင်မယ့် မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် ရဲဝံ့သော ခိုင်မာသော ထက်သန်သော PDF စစ်သည် စစ်မေများစွာကို လိုအပ်လျက်ရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို အခုဘဲ ဆက်သွယ်ချိတ်ဆက်ကြဖို့ နှိုးဆော်လိုက်ရပါကြောင်း၊ တပ်သားသစ်အဖြစ် ဝင်ရောက်လိုပါက တယ်လီဂရမ်တွင် ဆက်သွယ်ချိတ်ဆက်ဖို့ ဖြစ်ပါကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါသည်။

You may have missed