Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 16, 2026

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ကြီး အပါ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နဲ့ ဒရုန်းများ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်း ကချင်စစ်ရေးသတင်းမြစ်ထံက သိရပါတယ်။နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကန်ပိုက်တီမြို့ကို KIA PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက် ၁၀၀ ကျော်နဲ့ ခဲယမ်းများ၊ ဒရုန်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ကန်ပိုက်တီမြို့ရှိ ဌာနဆိုင်ရာတွေနဲ့ တရုတ်-မြန်မာချစ်ကြည်ရး ဥမင်လှိုဏ်ခေါင်းတို့မှာ ကချင်အမျိုးသားအလံကို လွှင့်ထူထားပါတယ်။

You may have missed