မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းရှိ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို တိုက်ခိုက်လို့ ၂ပွင့်ဗိုလ်အပါ ၃၆ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၃) စစ်ရေးလှုပ်နယ်မြေအတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ၃ရက်ကြာ ခုခံခဲ့ပြီးနောက် ခဲယမ်းပြတ်တောက်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်တဲ့ ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည (၈) ခွဲအချိန်က စပြီး စစ်ကောင်စီတပ်နဲ့ နောက်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ဒုတိယအကြိမ် ခုခံစစ်ဟာ နိုဝင်ဘာလ ၁၈ ရက်နေ့ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နဲ့ Jet Fighter ဖြင့် (၂) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ရှိ ခမရ ၁၅ မှလည်း ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
MBT တပ်ဖွဲ့မှ ရဲဘော်များအနေဖြင့် စစ်ကောင်စီရဲ့ ကြည်းကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့ပေမယ့် ခဲယမ်းပျက်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်တဲ့ ခြေဆေးကျေးရွာမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။၎င်း (၇)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ပွင့်ဗိုလ်အပါအဝင် တပ်သား (၃၆)ဦးသေဆုံး၊ပြီး (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MBT တပ်ဖွဲ့မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတဘ်။လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးနေပြီး ညီနောင်မဟာမိတ်များမှလည်း ပြန်လည်ခုခံကာ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ (၇) ရက်တာ ခုခံစစ် တိုက်ပွဲမှာ လာရောက်အားဖြည့် ပူးပေါင်းတိုက်ပွဲ၀င်ပေးကြတဲ့ Popa Guerilla Force (PGF)၊မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈) မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ (စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊ နှလုံးလှ လူမိုက်တပ်ဖွဲ့တို့အား မိမိMBTတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်အပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ