Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
December 8, 2025

ပေါက်မြို့ ကိုင်းလယ်ရဲစခန်းအပါအဝင် နေရာ ၃ ခုကို ဒရုန်းဗုံးသီး ၃၀၀ ကျော်နဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကျဲချတိုက်ခိုက်ခဲ့ကြောင်း ပကဖအရင်းအမြစ်ထံက သိရပါတယ်။ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ (၄) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ဒရုန်း ၆စီးနဲ့ ဗုံးသီး ၂၀၀ ကျော် ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၁၅) (၁၆) (၁၈) နဲ့ (၁၉) ရက်နေ့တွေမှာ ယာကြီးပြင် ပျူစောထီးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တွေ၊ ဘန်ကာတွေနဲ့ စစ်ကောင်စီ တပ်သားတွေ တပ်စွဲ နေရာတွေကို ဒရုန်းဖြင့် ၁၀၀ မမ၊ ၆၀ မမ ဗုံးသီးတွေ ကျဲချ တိုက်ခိုက်ခဲ့ပြီး ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၉၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပကဖ၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ ပခုက္ကူ ခရိုင် အမှတ် ၅ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကနေ အထိအခိုက်အကျအဆုံးများပြားတယ်လို့ သိရပါတယ်။

You may have missed