မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်လို့ စစ်သား ၉ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိသွားကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ခန့်အကွာမှာ အင်အား ၄၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို PRA-Magway အဖွဲ့က နိုဝင်ဘာ ၂၀ရက် ညနေ ၄နာရီမှာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၉ဦးသေဆုံးကြောင်း တိုက်ပွဲတွင်း မျက်မြင်တွေ့ခဲ့ရပြီး ၁၀ဦးခန့် ဒဏ်ရာရရှိသွားကြော်ငး မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာ မစခ ၉၀၅ လက်အောက်ခံတပ်တွေနဲ့ ပေါ်တောဆွဲခံရတဲ့ သင်တန်းဆင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းထားတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။ပဒါန်း-အမ်းလမ်းပိုင်းထိန်းချုပ်ရေးဟာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေ ဖြစ်ပြီး ၎င်းမှတဆင့် ကျယ်ပြန့်တဲ့ စစ်ဆင်ရေးများဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်.
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ