Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

ရေတပ်က တပ်ကြပ် ၁ ဦးနဲ့ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့ ရန်ကုန်တိုင်းစစ်ဌာနထံ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

အကြမ်းဖက်စစ်ကောင်စီရေတပ်မှ တပ်ကြပ် ၁ ဦးနဲ့ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး ၁ ဦးတို့ ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၁နဲ့ ၅၁၀၂ ထံ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။စစ်ကောင်စီရေတပ်က တပ်ကြပ် နိုင်မင်းဇော်၊ နဲ့ သံချပ်ကာ ပြင်ဆင်ရေး ပင်မအလုပ်ရုံ တပ်ကြပ်ကြီး အောင်မင်းဇင်၊ တို့ကို စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက မနေ့က နိုဝင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

You may have missed