Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

ဗိုလ်လောင်း ၂၃ဦးကျဆုံးခဲ့ရတဲ့ ၁၀နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား AA ပြုလုပ်

KIA ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူခဲ့တဲ့ အာရက္ခတပ်တော်မှ ဗိုလ်လောင်း (၈) ဦးနဲ့ အခြားသောတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးတို့ ကျဆုံးခဲ့ရတဲ့ ၁၀နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။အဆိုပါ ဗိုလ်လောင်း ၂၃ဦးဟာ ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နေ့မှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်မှုကြောင့် KIA ဗိုလ်သင်တန်းကျောင်းဝင်းတနေရာမှာ တပြိုင်နက်တည်း အသက်ကြွေလွင့်ခဲ့ရတယ်လို့ သိရပါတယ်။

“အာရက္ခတပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အဆိုပါ ဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရီး၊ နိုင်ငံရီး အခြေအနီပေါ်မူတည်၍ပြုလုပ်ခြင်း၊ ဗိုလ်လောင်းများလဲလျောင်းရာ အာဇာနည်ကုန်းတွင် လွမ်းသူ့ပန်းခွေများချကာ ဂါရဝပြုခြင်း၊ တပ်စခန်းများတွင် အောင်လံတဝက်လွှင့်ခြင်းများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခသည်။”ဟု ဆိုပါတယ်။

ဒီနေ့(၁၀) နှစ်ပြည့်မှာလည်း စစ်ရီးအခြေအနေအရ ကျဆုံးဗိုလ်လောင်းများအတွက် ဝမ်းနည်းအောက်မိဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။”အာရက္ခတပ်တော်အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အဆိုပါ ဗိုလ်လောင်းများ၏ တိုင်းပြည်နန့် လူမျိုးအတွက် အသက်ပီးဆပ်ခမှုများကိုလေ့ အမြဲတမ်း သတိရနီကတ်မည်ဖြစ်သည်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

You may have missed