မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ပျူစောထီးရွာမှာ ကင်းပတ်နေတဲ့ ပျူအုပ်စုကို တိုက်ခိုက်လို့ ပျူခေါင်းဆောင်ကျော်မင်းထူး ပါအဝင် ၃ဦးသေဆုံးပြီး လက်နက်တွေရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ရက်နေ့မှာ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ပျူစောထီးရွာမှာ ကင်းပတ်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲချိန် ၁၀မိနစ်ခန့်မျှကြာမြင့်ခဲ့ပြီး အဆိုပါ ပျူရွာအတွင်းထိ ကင်းပုန်းဝတ်နေရာယူပြီး တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဥ်အပြီးမှာ ပျူခေါင်းဆောင်ကျော်မင်းထူး အလောင်းအပါအဝင် စစ်အုပ်စု အလောင်း၂လောင်း၊ type-81 ၁လက်၊ ကာဘိုင် ၁လက်၊ Dayang အမျိုးအစား ဆိုင်ကယ်၁စီး၊ ၇.၆၂ ကျည်၂၀တောင့်၊ ကာဘိုင်ကျည် ၂၁တောင့်တို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၈၁၅တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ)ဟာ နိုဝင်ဘာ ၁ရက်နေ့ကလည်း အဆိုပါ တလိုင်းရပ် ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းအပါအဝင် လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကာ တိုက်ပွဲတွေအတွင်း ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိူင်ခဲ့တယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ