Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီနှင့်ပူးပေါင်းတပ်များရဲ့ အထိုင်စခန်းတွေကို ကေအိုင်အေ သိမ်းယူနိုင်ခဲ့ပါတယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာတဖက်ကမ်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ရန်သူတပ်စခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ သိမ်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါစခန်းတွေဟာ စစ်ကောင်စီနှင့်အတူ လက်အောက်ခံတပ်တွေဖြစ်တဲ့ SNA တပ်များ၊ ပျူအမည်ခံများ တပ်စွဲရာဖြစ်ပြီး ရွှေတွင်းစခန်းနဲ့ “ရာလာတီး” စခန်းတို့ဖြစ်ကြပါတယ်။ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်သိမ်းပိုက်တာဖြစ်ပြီး မနေ့က နိုဝင်ဘာ ၁၈ ရက် မနက် ၅ နာရီခန့်မှာ အပြီးသတ်သိမ်းနိုင်တာ ဖြစ်ပါတယ်။ စစ်ကိုင်းနှင့်ကချင် အစပ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်တွေကို အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက KIA က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်စခန်းတို့ကို သိမ်းယူခဲ့ပြီးနောက် နောက်နှစ်ပတ်အကြာမှာခုလို နောက်ထပ်စခန်းနှစ်ခုကို အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းပစ်ကူပေးရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်လို့ မိမိတို့တော်လှန်ရေးဘက်ကလည်း နှစ်ဦးကျဆုံးသွားရတယ်လို့ KPDF တဦးက ပြောပြပါတယ်။ လတ်တလောသိမ်းပိုက်နေတဲ့ အဆိုပါနယ်မြေက တပ်စခန်း ၅ ခုဟာ အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ ဟုမ္မလင်းနဲ့ဆယ်ဇင်းတလျှောက် ၊ ဥရုချောင်းအရှေ့နဲ့ မာန်စိမ်းချောင်းဖျား စတဲ့ဒေသမှာ ရန်သူစခန်းတွေကို KIA နှင့် KPDF ပူးပေါင်းတပ်တွေ အောင်ပွဲယူနေတာ ဖြစ်ပါသည်။

You may have missed