ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။အလင်းဝင်တပ်သား(၆)ဦးထဲက (၁)ဦးဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်လူများမှာ စစ်မှုထမ်းစုဆောင်းခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံရတဲ့ တပ်သားသစ်တွေဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူကာကွယ်ရေးတပ်မတော် ဒေါတပ်ရင်းထံ အလင်းဝင်ရောက်သောတပ်သားများမှာ တပ်သားဝေဖြိုး ၊ တပ်သားဖြိုးမင်းအောင် (စစ်မှု့ထမ်းအပတ်စဉ်-၂) ၊ တပ်သားကရင်လေး (စစ်မှု့ထမ်းအပတ်စဉ်-၂)တပ်သားရဲမင်းမောင် (စစ်မှု့ထမ်းအပတ်စဉ် – ၁)၊ တပ်သားသန်းတိုးအောင်(စစ်မှု့ထမ်းအပတ်စဉ် – ၁) ၊ တပ်သားဖြူဖွေး ( စစ်မှု့ထမ်းအပတ်စဉ် – ၁) တို့ဖြစ်တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရသူတွေဟာ အခုအချိန်မှာ ရှေ့တန်းနယ်တွေမှာ တာဝန်ထမ်းဆောင်နေတာကို မြင်နေတွေ့နေရပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနဲ့ တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်း ထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ