မကွေးတိုင်း၊ ရေစကြိုမြို့နယ် မှာ သန်းခေါင်စာရင်းကောက်အဖွဲ့က လုံခြုံရေးတပ်သား ၂ဦး လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာလို့ တစ်ဦးလျှင် ၁၅သိန်းစီချီးမြှင့်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ရေစကြိုမြို့နယ်အခြေစိုက် ခလရ၂၅၇ လက်အောက်ခံ တပ်သားကိုဦးနဲ့ ခလရ၂၅၈လက်အောက်ခံ တပ်သားစိုးလင်းအောင် တို့ဟာ ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာမှာ လုံခြုံရေးယူပေးနေစဉ် နိုဝင်ဘာ ၁၆ရက် ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတပ်သား၂ဦး ထွက်ပြေးလာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရလိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ(၁၇)ရက် နေ့လည်အချိန်ခန့်မှာ ရေစကြိုမြို့နယ် တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ယူဆောင်လာတဲ့ MA1 2လက်၊ကျည်ဘောက်၉ဘောက်နဲ့ ၅.၅၆ကျည် ၄၅၀ခန့်ကို ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့တယ်လို့ သိရပါတယ်မ။
စစ်ကောင်စီထံမှထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သား၂ဦးကို ကောင်းမွန်စွာထားရှိပြီး ဆုငွေတစ်ဦးလျှင်၁၅သိန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ဘက်သို့ လုံခြုံစိတ်ချစွာ ဘက်ပြောင်းခိုလှုံကြဖို့ ထပ်မံတိုက်တွန်းထားပြီး ဆက်သွယ်လိုပါက 09988895428 ကိုလုံခြုံစိတ်ချစွာဆက်သွယ်နိုင်ကြောင်း ရေစကြို ပကဖက ဖိတ်ခေါ်ထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ