Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုများ တွေ့ဆုံ၊ဝန်ကြီးတီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာ ၃၀၀၀၀ကျော်လေလံအောင်မြင်ပြီး စစ်ဘေးရှောင်တွေ လှူသွားမယ်လို့ ဆို

အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနဲ့ မြန်မာ မိသားစုများတွေ့ဆုံပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာ ၁၆ရက် ညနေ ၂နာရီမှာ မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲကို လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာ ကျင်းပခဲ့တာပါ။

တွေ့ဆုံပွဲမှာ ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုများ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနဲ့ စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့တယ်ုလို့ သိရပါတယ်။အဲ့ဒီနောက်ဝန်ကြီးက “ခွန်အားဖြည့်မိငယ်” နှင့် “သွေးသစ္စာ” သီချင်းနှစ်ပုဒ်ကို ဂစ်တာတီးခတ် သီဆို ဖျော်ဖြေခဲ့ပြီး၊ တီးခတ်ခဲ့တဲ့ ဂစ်တာကို စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ လေလံပစ်ခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တဦးက ဒေါ်လာ ၅၀၀၀ ဖြင့် လေလံအောင်မြင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိခဲ့ရာ ဒေါက်တာဆာဆာမှတဆင့် စစ်ဘေးသင့်ပြည်သူများသို့ ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

You may have missed