Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
December 9, 2025

အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို MODက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD အနေဖြင့် အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခဲ့ကြောင်း MOD က ထုတ်ပြန်သည်။ပြီးခဲ့သည့် အောက်တိုဘာလအတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) ဦးကို တာဝန်မှ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ဦး ကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

MOD အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

You may have missed