ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့နေရာ ၅ခုထက်မနည်းကို နိုဝင်ဘာ ၃ရက်နေ့ကနေ ၁၄ရက်နေ့ထိ KNLA တပ်ဖွဲ့နှင့်အတူ KNLA Nighthawks အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ သံဆိပ်စစ်ကောင်စီစခန်း၊ ကွမ်းဆိပ်စစ်ကောင်စီစခန်း၊ ကျောက်တန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၊ အင်္ဂနီကျေးရွာ၊ ဆင်နှစ်ကောင်ဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒရုန်းဖြင့်ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်က ဘက်ထိခိုက်သေဆုံးမှုအခြေအနေ မသိရှိရသေးဘဲ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ (၃၁)ရက်ကလည်း ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာရှေ့တန်းစခန်းကို PDF တွေ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါ ၅ဦးသေဆုံးခဲ့ပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ