Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

မြင်းခြံ၊ သဲတောရွာမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးပြီး PDF ရဲဘော် ၁ဦးကျဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် သဲတောရွာမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်လို့ စစ်သား ၇ဦးသေဆုံးပြီး PDF ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်း Myingyan Twenty one Guellia Force-MTGF အဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၁၅ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မြင်းခြံမြို့နယ် သဲတောရွာကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မြင်းခြံ 21 ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်၊စစ်ကောင်စီဘက်က ၇ဦးသေဆုံးပြီး ကျန်ရှိ စစ်သားနဲ့ပျူစောထီးတွေဟာ စုတ်ပြဲဒဏ်ရာများဖြင့် ဆေးရုံသို့ကား ၂စီးဖြင့် သယ်ဆောင်သွားကြောင်း သိရပါတယ်။အဆိုပါတိုက်ပွဲအတွင်း မြင်းခြံ 21 ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁မှ တပ်စိတ်မှူးရဲဘာ် ဖော်ကာ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။၎င်းတိုက်ခိုက်မှုကို မြင်းခြံ 21 ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁နဲ့အတူ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

You may have missed