ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦးကို အဆောင်မှူးသီဟအောင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ထံက သိရသည်။နိုဝင်ဘာ(၁၀)ရက်နေ့ ညနေ ခြောက်နာရီဝန်းကျင်ခန့် တွင် ဒိုက်ဦးအကျဉ်းထောင်၊အဆောင်(၃)၊ အခန်း (၁)မှ နိုင်ငံရေးအကျဉ်းသား ကိုထက်လင်းဦး(ခ) အိုဝမ်းအား အဆောင်(၁)မှ အဆောင်မှုး သီဟအောင်(ခ)ရခိုင် ဦးဆောင်သော ထောင်ဝန်ထမ်းများမှ ဝင်ရောက် ဆွဲထုတ်သွားပြီး ဥပဒေမဲ့ ခြေကျင်းဒေါက်များခတ်၍ တိုက်ပိတ်အပြစ်ပေးမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုထက်လင်းဦးသည် နဂိုမူလကတည်းက ပန်းနာ ရင်ကြပ်ရောဂါခံစားနေရသူဖြစ်ပြီး နိုဝင်ဘာလ(၁၄)ရက်နေ့မှစ၍ တိုက်ပိတ်မှုကို ရပ်တန့်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနဝန်ထမ်းအရာရှိများထံမှ သိရှိခဲ့ရသည်။နိုဝင်ဘာ(၁၄)ရက်နေ့တွင် တိုက်ပိတ်ခြင်း ယာယီရပ်တန့်လိုက်သော်လည်း ဒေါက်ခြေချင်းများဖြင့် အဆောင်များအတွင်း ပတ်ပြေးခိုင်းခြင်းစသည့် မတရားသော အမိန့်များကို မျိုးသီဟအောင် ကိုယ်ပိုင်အမှတ် (က) ၄၉၀၀ လခဂ ရမ (၂)မှ ထပ်မံစေခိုင်းလျက်ရှိကြောင်း PPNM ရဲ့ စုံစမ်းဖော်ပြမှုအရ သိရသည်။ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်းကောင်း လူ့အခွင့်အရေးအဖွဲ့အစည်းအများအနေဖြင့်လည်းကောင်း အကျဉ်းဦးစီးဌာနများကို မေ့မထားကြပဲ ဝိုင်းဝန်းကူညီစောင့်ကြည့်၍ တရားမျှတမှုရရှိအောင် ကြိုးစားလုပ်ဆောင်ပေးကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM က တိုက်တွန်းထားသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ