Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 8, 2025

ရှမ်းတဲလေတပ်တိုက်ခိုက်ခံရမှုနဲ့ပတ်သတ်ပြီး စစ်ကောင်စီက အရာရှိတွေအပါအဝင် ၅ဦးကို အရေးယူ၊မိတ္ထီလာရှိ စစ်ရေးပစ်မှတ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်သွားမယ်လို့ တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်

မန္တလေးတိုင်း၊ မတ္ထီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သတ်ပြီး စစ်ကောင်စီက အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်သား ၅ဦးကို အရေးယူထားတယ်လို့ သိရပါတယ်။၁၁၁၁ ရွှေလင်းယုန် ဒရုန်းစစ်ဆင်ရေး ပစ်မှတ်အဖြစ် မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း ၊ တပ်မ ၉၉ ဌာနချုပ်တို့ကို နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၄ နာရီ အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အသေခံဗုံးတွေကြဲချခဲ့လို့ လေတပ်ထဲကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။စစ်ကောင်စီက အထိနာသွားတာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ပေါ့လျော့မှု​ဖြင့် လေကြောင်းရန်ကာကွယ်ရေး အရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦးတို့ကို တာ၀န်ပေါ့လျော့အမှုဖြင့် တိုက်ခိုက်ခံရတဲ့ ညနေမှာပဲ အရေးယူဆောင်ရွက်ဖို့ ချက်ခြင်း နေပြည်တော်ကို ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့တယ်လို့ တပ်သတင်းအရင်းမြစ်တွေရဲ့ပြောဆိုမှုကို Meiktila Revolution Force အဖွဲ့က ထုတ်ပြန်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မိတ္ထီလာ မြို့နယ် ပကဖ၊မိတ္ထီလာ ဒရုန်း တပ်ဖွဲ့၊မိတ္ထီလာ တပ်ရင်း (၃)၊၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း (၈) နဲ့ အမည်မဖော်လိုတဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါ်နည်းပညာ အဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီနဲ့ ၁၁၁၁ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။လေကြောင်းအတတ်သင် အရာရှိအိမ်ယာ၊ ခဲယမ်းသိုလှောင်ရုံ၊ လေကြောင်းထုတ်လုပ် အရာရှိရိပ်သာ နဲ့ တပ်မ (၉၉ ) ဌာနချုပ် တို့ကို ဒရုန်း အစီးရေ (၂၄ ) စီးနဲ့ တိုက်ခိုက်ခဲ့ပြီး ရှမ်းတဲလေတပ်နဲ့ ထိစပ်နေတဲ့ ထုတ်လုပ်ရေးတပ်တွေမှာ ပျက်စီးမှုအများဆုံးဖြစ်ခဲ့တယ်လို့ Meiktila Revolution Force အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့အပြင် Y12 စစ်လေယာဉ် ၂ စီး ၊ ထုတ်လုပ်ရေး အဆောက်အဦး ၂ လုံး ၊ အရာရှိ ၂ ဦးနဲ့ စစ်သည် ၄ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းဟာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ လေကြောင်းပစ်ကူအပြင် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံမှာအကြီးဆုံး လေယာဥ်ပြုပြင်ထိန်းသိမ်းရေးဌာနစခန်းဖြစ်ပါတယ်။မိတ္ထီလာ ပကဖ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ မကြာမီကာလမှာ မိတ္ထီလာရှိ စစ်ရေးပစ်မှတ်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားမယ်လို့ Meiktila Revolution Force အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

You may have missed