Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
February 15, 2026

ပခုက္ကူ အရှေ့ချောက်ကန်ရွာ စစ်ဆေးရေးဂိတ်ကို ၄၀မမဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျွေးရွာ စစ်ဆေးရေးဂိတ်ကို ၄၀မမဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနိုင်တယ်လို့ Young Force UG အဖွဲ့က ထုတ်ပြန်ပါတယ်။ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Young Force – UG တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၅ရက်မှာ ၄၀မမဗုံးသီး လောင်ချာဗုံးသီးများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၃၀မိနစ်ခန့် တိုက်ပွဲကြာမြင့်ခဲ့တယ်လို့ သိရပါတယ်.

၎င်းတို့နေထိုင်ရာ အဆောက်အဦးကို (၄၀) မမ ဗုံးသီးများထိမှန်ပြီး အဆောက်အဦးထဲတွရှိ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိကာ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး နောက်ဆက်တွဲသတင်းတွေကို စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက တော့ တိုက်ပွဲအတွင်း ဗုံးသီးထိမှန်လို့ စစ်သား ၂ဦးသေဆုံးသွားကြောင်း မီဒီယာကိုဖြေကြားထားပါတယ်။အဆိုပါ တိုက်ခိုက်မှုကို Force UG နဲ့အတူ Pakokku people defense force၊ BURMA REVOLUTION RANGERS တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

You may have missed