Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးရာ စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းရမိခဲ့

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးရာ စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးရာပါပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကြောင်း Natogyi People Defence Forceက ထုတ်ပြန်ပါတယ်။နွားထိုးကြီး-ပြင်စည် လမ်းပိုင်းကို နိုဝင်ဘာ ၁၄ရက် ညနေ ၄နာရီခန့်က Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)မှ ရှောင်တခင်စစ်ဆေးမူ့များပြုလုပ်ခဲ့ရာ ခရီးသည်တင်ယဉ်ကားတစ်စီး‌ပေါ်မှ စစ်အသုံးဆောင်ပစ်စည်းအချို့နဲ့ ၎င်းတို့ခိုးယူလာတဲ့ ခိုးရာပါ အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။NPDFက နွားထိုးကြီးမြို့နယ် နဲ့ ဆက်စပ်ရာလမ်းပိုင်းတွေကို ရှောင်တခင်‌စစ်ဆေးမူ့တွေ မကြာခဏဆိုလုပ်ဆောင်နေတာကြောင့် ပြည်သူများအနေဖြင့် စစ်ဆေးမူ့များကို ကြည်ဖြူစွာလက်ခံပေးပါရန် နဲ့ စစ်ကောင်စီတပ်သုံးပစ္စည်းများ သယ်ဆောင်ခြင်းမပြုလုပ်ကြဖို့ တောင်းဆိုထားပါတယ်။

You may have missed