Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

တောင်ခမ်းမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်အများအပြား သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင်အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည့် အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဉီးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု သိရသည်။ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

You may have missed