Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
November 7, 2025

တိုက်ပွဲသတင်းတွေထဲမှာတော့

ဘုတလင်မြို့နယ်မှာ ပြည်သူ ၅၃ ဦးကို ဖမ်းလာတဲ့အင်အား၂၀၀ ပါ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာမှာ ဒုတပ်ကြပ်ဇော်ဝင်းအောင်အပါအဝင် ဆယ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရန်သူတပ်ဟာ ဘုတလင်ကနေ မုံရွာနမခကို သွားနေစဉ်ဖြစ်ပြီး ဘုတလင်နဲ့ ၄ မိုင်အကွာ ညောင်ပင်ကန်အနီး မနက် ၁၁ နာရီလောက်မှာပဲ တော်လှန်ရေးတပ်တွေက အသင့်ထောင်ထားတဲ့ မိုင်း ၁၀ လုံး ၃ ပွိုင့်နဲ့ ဦးဆုံးတိုက်ခိုက်ပါတယ်။ အဲဒီနောက် ၄၅ မိနစ်ခန့် အနီးကပ်တိုက်ပွဲဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲဟာ နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပြီး “ ဘသူကြွယ်ကော်လံ” က နိုဝင်ဘာ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ တိုက်ပွဲတွင်းမှာ ဒုတပ်ကြပ် ဇော်ဝင်းအောင် ပွဲချင်းပြီးသေဆုံးကာ နိုဝင်ဘာ ၁၅ ရက်မှာ နမခဆေးရုံမှာဆေးကုနေရတဲ့ ဒဏ်ရာရစစ်သားတွေထဲက ၉ ဦးထပ်မံသေဆုံးသွားတယ်လို့ ယင်းမာခရိုင်အမှတ် ၉ တပ်ရင်း၊ ဘသူကြွယ်စစ်ကြောင်းရဲ့ စစ်ကြောင်းမှူး စေတန်ကပြောပါတယ်။ တိုက်ပွဲဖော်ဆောင်ခဲ့ကြတဲ့တပ်တွေကတော့ အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်၊ ယင်းမာခရိုင် အမှတ် ၉ တပ်ရင်းရုံးစစ်ကြောင်းနဲ့ Ba Thu Kyawal Column တို့ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်ပါသည်။

You may have missed