အမျိုးသားညီညွတ်ရေးအစိုးရ၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက တည်ထောင်ခဲ့တဲ့ နွေဦးဘဏ်မှာ ဒုတိယအကြိမ်အဖြစ် အစုရှယ်ရာဖွင့်လှစ်ခဲ့ရာ ၂၄နာရီအတွင်း ဒေါ်လာ ၂.၂သန်းထိရရှိနေပြီလို့ သိရပါတယ်။ဒုတိယအကြိမ်ရှယ်ရာခေါ်ယူမှု ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ ကနေ နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီအထိ (၂၄) နာရီအတွင်း ကိုယ်တိုင် နဲ့ RM များမှ တဆင့် နွေဦးဘဏ် အစု ရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ ဒေါ်လာ 2.2 သန်း ကျော် ရရှိထားပြီးဖြစ်ကြောင်း နွေဦးဘဏ်က ကြေညာထားပါတယ်။ရောင်းချပေးမယ့် အချိန်ကာလကတော့ နိုဝင်ဘာလ ၁၅ရက်နေ့ကနေ ဒီဇင်ဘာလ ၅ရက်နေ့အထိ ၃ပတ်ဖြစ်ပြီး အခုဒုတိယအကြိမ်မှာ ပထမအကြိမ်ကလို USD တမျိုးတည်းဖြင့်သာမက မြန်မာကျပ်ငွေအပါအဝင် နွေဦးဘဏ် – SDB မှာ သုံးလို့ရတဲ့ နိုင်ငံတကာငွေကြေး ၁၀မျိုးလုံးနဲ့ ဝယ်ခွင့်ရမယ်လို့သိရပါတယ်။
အစုရှယ်ရာ ရင်းနှီးမြှုပ်နှံခဲ့သူတွေဟာ 250% အမြတ်ရရှိသွားပြီဖြစ်ပြီး 10 USD နဲ့ညီမျှတဲ့ ငွေကြေးတန်ဖိုးကစတင် ရှယ်ယာထည့်ဝင်နိုင်ပြီလို့ နွေဦးဘဏ်က ကြေညာပါတယ်။စစ်ကောင်စီဟာ ပြည်တွင်းရှိ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်ဘဏ်တွေမှာ တင်းကျပ်မှုတွေ လုပ်ဆောင်နေတာကြောင့် NUG အစိုးရထံ အစုရှယ်ယာထည့်ဝင်ခြင်းဖြင့် ခိုင်မာတဲ့ ငွေကြေးလုံခြုံမှုကို ရရှိခံစားရမှာဖြစ်တယ်လို့ SDG ဘဏ်အသုံးပြုသူတွေက ပြေဆိုကြပါတယ်။ဘဏ်အစုရှယ်ယာဝင်ဖို့ SDB အကောင့်တခု သာ ရှိဖို့ လိုအပ်ကာ ရှယ်ယာတိုကင် ဝယ်ယူနည်း အသေးစိတ်ကို လည်း နွေဦးဘဏ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြထားပါတယ်။နွေဦးဘဏ်ဟာ နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာတဲ့ ပထမဆုံး Online Bank ဖြစ်ပြီး နိုင်ငံတကာငွေကြေးလဲလှယ်တာ၊ အစုရှယ်ရာထည့်ဝင်တာ၊ ငွေစုဆောင်းတာတွေကို ဝန်ဆောင်ပေးလျက်ရှိပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ