ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင်းက နှစ်ပေါင်း ၇၀ခန့်ရှိပြီဖြစ်တဲ့ ကူးဆိပ်တံတားစခန်းဟာ KNLA နှင့် ပူးပေါင်းတပ်များရဲ့ တိုက်ခိုက်သိမ်းပိုက်မှုအောက် ကျရောက်သွားပါပြီ။ ဒီသတင်းကို (KNU)တပ်မဟာ(၅)၊ မူတြော် သတင်းစဉ်နဲ့ ပူးပေါင်းတပ်အဖြစ်ပါဝင်တဲ့ BPLA ကလည်း နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲကို နိုဝင်ဘာ ၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာ ၉ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းကဆိုပါတယ်။ စခန်းသိမ်းပိုက်ရာမှာ ရန်သူစစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး လက်နက်ကြီးနှစ်လက်၊ မောင်းပြန် ရိုင်ဖယ်သုံးလက်နှင့် ကျည်အများအပြား သိမ်းဆည်းမိကြောင်း ၊ တိုက်ပွဲအတွင်း KNLAပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်မှ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ သိမ်းဆည်းရရှိသည့်လက်နက်များတွင် RPG 7 (၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂၀၀၀)ကျော်ပါဝင်တာကို တွေ့ရပါတယ်။
KNLA , PDF, BPLA စတဲ့မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာလည်း စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို သိမ်းပိုက်ပြီးခဲ့ပါပြီ။ ထိုစဉ်ကတော့ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနက်သေဆုံးခဲ့ပြီး ထွက်ပြေးသွားသည့်တပ်ဖွဲ့ဝင်များလိုက်လံရှင်းလင်းစဥ် ၁၄ဦး ထပ်သေဆုံးပြီး ဗိုလ်ကြီးသုံးဦးအပါအဝင် စစ်သုံ့ပန်း ၁၇ဦးနှင့် လက်နက်များနှင့် ဖမ်းမိကြောင်း သတင်းထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ