ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှ စစ်ကောင်စီစခန်းများကို တပြိုင်နက်ထိုးစစ်ဆင်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့ (Chin Brother Hood) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို မင်းတပ်မြို့နဲ့ ဖလမ်းမြို့တို့မှာ နိုဝင်ဘာ ၉ရက်နေ့မှစတင်ကာ တပြိုင်နက်ထိုးစစ်ဆင်ခဲ့ တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ချင်းညီနောင်အဖွဲ့ရဲ့ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းအချို့ကလည်း အိမ်နီးချင်းကောင်းပီသစွာ အခုစစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွံချွံ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
ချင်းညီနောင်ရဲ့ စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနဲ့ပတ်သတ်ပြီး မဟုတ်မမှန်ရေးသား ဖော်ပြခြင်း၊ သတင်းမှား/သတင်းတုများ ရေးသားဖြန့်ဝေခြင်းများကို တွေ့ရှိနေရတာကြောင့် ရေးသားဖြန့်ဝေခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။ချင်းညီနောင်အနေနဲ့ တိကျမှန်ကန်တဲ့ သတင်းတွေနဲ့ အောင်ပွဲရ သတင်းတွေကို အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။မင်းတပ်မြို့မှာတော့ စစ်ကောင်စီဟာ လေကြောင်းကနေ လက်နက်ခဲယမ်းရိက္ခာတွေချပေးနေသလို မင်းတပ် ရဲစခန်းရှေ့ ခေါနူးရိပ်သာအောက် ချင်းမေတ္တာစားသောက်ဆိုင် အိမ်တန်းတွေကို မီးရှို့နေတယ်လို့ သိရပါတယ်။ဖလမ်းမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ချင်းညီနောင် သိမ်းထားပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ The Chin Journalက ဖော်ပြထားပြီး လရ(၂၆၈)တပ်ကုန်းနေရာကို ချင်းညီနောင်က တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
Operation CB ပထမလှိုင်းအဖြစ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၊ ဒုတိယလှိုင်းအဖြစ် မတူပီမြို့နဲ့ အခုတတိယလှိုင်းအဖြစ် ဖမ်းနဲ့ မင်းတပ်မြို့ရှိ ခရီုင်တပ်ရင်းများ ရဲစခန်းတို့်ကို တိုက်ခိုက်နေတာလို့ သိရပါတယ်။ချင်းညီနောင်စစ်ဆင်ရေးမှာ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေအပြင် အာရက္ခတပ်တော် AA ပါ ဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ