Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်လို့ စစ်သား၃၀ကျော်သေဆုံး၊ လေကြောင်းပစ်ကူက အချင်းချင်းပြန်ထိလို့ စစ်တပ်အချင်းချင်းပြန်ပစ်ခတ်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ နောက်တန်းပြန် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ အထိအခိုက်အကျအဆုံးများခဲ့ပြီး ၃၀ကျော်သေဆုံးကာ ၅၀ကျော်ဒဏ်ရာရရှိသွားတယ်လို့ ရိုးမ(၂)စစ်ကြောင်း၊ ကွန်မန်ဒိုတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ကျောက်ကြီးမြို့ကနေ နတ်သံကွင်းမြို့ ဘက်ကို နောက်တန်းပြန်လာတဲ့ စစ်ကောင်စီ ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက်ကြီးအခြေစိုက်တပ် ပူးပေါင်းတပ်များပါဝင်တဲ့ အင်အား ၁၀၀ကျော်ပါနောက်တန်းပြန်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၁ရက်နေ့ထိ ၃ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီစစ်ကြောင်းဟာ အကြိမ်ကြိမ်အထိခိုက်အကျဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတာကြောင့် စစ်သား ၃၀ကျော်သေဆုံးပြီး ၅၀ကျော် ထိခိုက်ခဲ့ရခဲ့ကာ လက်နက်ခဲယမ်းအချို့၊ စစ်ပစ္စည်းအသုံးအဆောင်များကိုလည်း တိုက်ခိုက်သိမ်းပိုက် ရရှိတယ်လို့ သိရပါတယ်။စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ဂျက်လေယာဉ်၂စီးနဲ့ လာရောက်ပစ်ကူပေးခဲ့ပေမယ့်လည်း လေယာဉ်ဗုံးများဟာ ၎င်းတို့ စစ်တပ်ဖွဲ့အရှေ့ကျရောက်ပေါက်ကွဲပြီး မြေပြင်စစ်ကြောင်းမှ ပွိုင့်ဖိုက်လက်နက်ဖြင့် လေယာဉ်ကိုပြန်ပစ်ခတ်ခဲ့ရာ လေယာဉ်မှာဆက်မပစ်တော့ပဲ တောင်ငူလေတပ်သို့ ပြန်သွားခဲ့ရသလို မြေပြင်စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။တိုက်ပွဲ၃ရက်တာအတွင်း ရိုးမ(၂)၊ KNLAပူးပေါင်းဒရုန်းအဖွဲ့များ၊ မြေပြင်ကွန်မန်ဒို၊ KNLA၊ ဖြူးပကဖ၊ ရိုးမ(၁)စစ်ကြောင်း အာဠာဝက၊ ပူးပေါင်းအဖွဲ့များ၏ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

You may have missed