Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 24, 2025

တပ်မဟာ ၅ထဲက ကူးဆိပ်တံတားစခန်းကို KNLA ပူးပေါင်းတပ်များတိုက်က်ခိုက်သိမ်းပိုက်၊ စစ်သားအလောင်း ၈လောင်းနဲ့ လက်နက်ခဲယမ်းများရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ ၅ နယ်မြေရှိ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်နေ့မှာ KNLA နဲ့ မဟာမိတ်စစ်သည်တွေက အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ပြီလို့ KNU မူတြာ်သတင်းစဉ်က ထုတ်ပြန်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၈လောင်း ၊ သေနတ် ၂လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနဲ့ မောင်းပြန်ရိုင်ဖယ်ကျည်တောင့်(၂၀၀၀)ကျော် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းကာကွာရေးဂျယ်မာစစ်များလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ကူးဆိပ်တံတားလုံးခြုံရေးတပ်စခန်းကို အမှတ်(၅)တပ်မဟာစစ်သည်တော်များနဲ့ မဟာမိတ်ပူးပေါင်းစစ်သည်များမှ နိုဝင်ဘာလ(၆)ရက်နေ့မှ စတင်တိုက်ခိုက်ကာ နိုဝင်ဘာလ(၉)ရက်နေ့မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော ၂ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

You may have missed