ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက မနေ့က နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။အဆိုပါလန်ဆယ်ရွာဟာ ချီဖွေမြို့နယ် လောခေါင် ရဲ့ အရှေ့မြောက်ဘက် ပြည်သူ့စစ် တပ်များထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တစ်ခုဖြစ်ပြီး KIA က အလုံးစုံထိန်းချုပ်ထားပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့က ချီဖွေမြို့နယ်ရှိ ကန်ဖန့်ရွာကို KIA က သိမ်းပိုက်ခဲ့ပြီးနောက် လန်ဆယ်ရွာကို ဆက်လက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ကန်ဖန့်ရွာကို KIA တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် ၁၀၀ကျော်လက်နက်ချခဲ့ပြီး ပြည်သူတွေကလဲ KIA ရဲဘော်တွေကို သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။KIA ဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းအုပ်ချုပ်နေတဲ့ ကချင်အထူးဒေသ (၁)အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါနဲ့ နယ်ခြားစောင့်စခန်း ၃ခုလုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကနေ ၁လကျော်အတွင်း ဆက်တိုက်မြို့များစခန်းများ သိမ်းယူခဲ့ပြီး အဲ့ဒီဒေသမှာ သိမ်းပိုက်ဖို့ ကန်ပိုက်တည်မြို့တစ်ခုသာ ကျန်ရှိပါတော့တယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ