Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 27, 2026

စစ်ရေးရှုံးနိမ့်မှုကြောင့် ကုန်စည်ပိတ်ဆို့မှုနဲ့ နိုင်ငံကူးသန်းသွားလာမှုတွေကို စစစ်ကောင်စီဘက်က ပိုလုပ်လာနေပါပြီ

တော်လှန်ရေးကြောင့် စစ်ကောင်စီရဲ့ အင်အားပြုန်းတီးမှုကြီးမားခဲ့ရပြီးနောက် မတရားစစ်မှုထမ်းဥပဒေကို အဓမ္မအသက်သွင်းခဲ့တာကတော့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်ပါတယ်။ ပြည်တွင်းနေ လူငယ်အများစုကို တပ်ထဲသွင်းဖို့ရည်ရွယ်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာ အဆင်သင့်ရာတိုင်းပြည်တွေကို နေ့စဉ်ထွက်ခွါနေကြပြီး စစ်ကောင်စီကလည်း နိုင်ငံကူးလက်မှတ်တရားဝင်ဖြစ်ပါလျက် လူငယ်တွေကို ပြည်ပထွက်ဖို့ တင်းကျပ်ပိတ်ဆို့ပါတယ်။အထူးသဖြင့်တော့ အလည်ဗီဇာနဲ့ ထွက်ခွါသူတွေကို အဓိကတင်းကျပ်လိုက်ပြီး သွားခွင့်မပေးတာတွေလည်း နေ့စဉ်ဆက်တိုက် ဖြစ်လာနေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဒူဘိုင်းကိုထွက်ခွါမယ့် ခရီးသည်တွေကို အဓိကထား တင်းကျပ်တာလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းဟာ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ထွက်ခွါဖို့ခရီးစဉ်မှာ သွားခွင့်မပေးဘဲ နိုင်ငံကူးလက်မှတ်ကိုလည်း စစ်ကောင်စီက သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ ၄ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်ဟာ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာပြီး အမည်မဲစာရင်းဝင်ထားသူများအပါအဝင် တင်းတင်းကျပ်ကျပ်စီစစ်တားမြစ်ဖို့ ၄င်းရဲ့လက်အောက်ခံများကို လာရောက်ညွှန်ကြားခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဝန်ထမ်းများ၊ အနုပညာရှင်များ၊ လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များကို အမည်မဲစာရင်းများသွင်းပြီး ခုတော့ ပြည်ပမထွက်နိုင်အောင်ပိုပြီး တင်းကျပ်မှုတွေ လုပ်နေပါတယ်။ အခုလိုတင်းကျပ်မှုတွေကြောင့် PV ဗီဇာနဲ့ ပြည်ပအလုပ်ထွက်လုပ်မယ့် ခရီးသည်တွေအပေါ် ငွေညှစ်တောင်းခံပြီး လုပ်စားတဲ့ဈေးကွက်တခုလည်း လေဆိပ်မှာ ကြီးထွားလို့လာနေပါတယ်။ နိုင်ငံရေးနဲ့မပက်သက်ပေမယ့်လည်း လဝကနှင့်ရဲတွေက တင်းကျပ်ပြီး တားမြစ်တာကြောင့် ခရီးစရိတ်အပါအဝင် ဟိုတယ်ဘွတ်ကင်များ အသွားအပြန် လက်မှတ်ခများလည်း ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာနေပါတယ်။ ထွက်ခွါလူသူတွေဟာ စစ်ကောင်စီအဖွဲ့ရဲ့ အသေးစိတ်မေးမြန်းမှုကိုခံရပါတယ်။ဆိုရှယ်မီဒီယာများပေါ် ရေးသားပြောဆိုနေမှုများ အလုပ်အကိုင်ကို အသေးစိတ်စုံစမ်းမှုများ လည်း ပါဝင်ပါတယ်။ ပတ်စပို့အသစ်ဆိုရင်ပိုမိုစစ်ဆေးတာဖြစ်ပြီး မသွားရတဲ့အခါ ဆုံးရှုံးနစ်နစ်နာမှုများလည်း ပြည်သူတွေ ကြုံနေကြရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူတွေကို ရက် ခြောက်ဆယ်အလည်အပတ်ဗီဇာ တိုးရစ်ဗီဇာလျှောက်ထားမှု ပယ်ဖျက်လိုက်တယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သိရပါတယ်။

ခုလို ပိတ်လိုက်ရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းမှာ ရက်ရှည်နေထိုင်ဖို့ မြန်မာနိုင်ငံထဲ တဖန်ပြန်လည်ဝင်ရောက် လျှောက်ထားရတော့မှာ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပြပါတယ်။“မနေ့ကတည်းက ဗီယက်နမ်မှာ မြန်မာတွေကို ထိုင်း အလည်အပတ် ရက်ခြောက်ဆယ်ဗီဇာ မပေးတော့ကြောင်း လာအို၊ ကမ္ဘောဒီးယားဘက်က ထိုင်းသံရုံးမှာ ဗီဇာပေးသေးလား ပိတ်လိုက်ပြီလားတော့ လတ်တလော မသိရသေးကြောင်း သူကဆိုပါတယ်။ ထိုင်းကိုရွှေ့ပြောင်းလာတဲ့ မြန်မာအများစုဟာ အလည်ဗီဇာနှစ်လနဲ့ ဝင်လာပြီး ဗီဇာသက်တမ်းပြည့်တဲ့အခါ အိမ်နိးချင်းနိုင်ငံတခုကို သွားရောက်အထွက်ပြပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်နေထိုင်ကြလေ့ရှိပါတယ်။ ဗီယက်နမ်ကို စတင်ပိတ်လိုက်ပြီးနောက် အခြားနိုင်ငံတွေပါ ဆက်ပိတ်သွားမှာကို ပြည်ပရောက်မြန်မာတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား သတိပြုလိုက်နာကြဖို့ အကြောင်းပြပြီး ပြည်ပရောက် မြန်မာတွေကို စစ်ကောင်စီသံရုံးက ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။ ထိုင်းမြန်မာသံရုံးရဲ့ သတိပေးချက်တွင် သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရေးသားထားတာ တွေ့ရပါသည်။

You may have missed