Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2025

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါသုံးစွဲသူ (၃၂၀)ဦးကို အကျင့်စာရိတ္တပြုပြင်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်ရှိ PSLF/TNLA ရဲံ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန)က မူးယစ်ဆေးဝါးသုံးစွဲသူ (၃၂၀)ဦးကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။ကျောက်မဲမြို့နယ်မှာ စစ်ကောင်တပ်ထိန်းချုပ်စဥ်က ၎င်းတို့ရဲ့ ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့ပြီး ကျောက်မဲမြို့အပါအဝင် တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနဲ့ သုံးစွဲသူများကို လိုက်လံဖမ်းဆီးခဲ့ကာ (၃၂၀)ဦးအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကို ပို့ဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။၎င်းတို့ကို လိုက်လံဖမ်းဆီးအရေးယူပြီးနောက်ပိုင်း ကျောက်မဲမြို့အပါအဝင် PSLF/TNLA အုပ်ချုပ်တဲ့ နယ်မြေများမှာ အေးချမ်းသာယာပြီး မူယစ်ဆေးဝါးကင်စင်နယ်မြေအဖြစ် မိဘပြည်သူများကလည်း အေးချမ်းစွာနေထိုင်ကြတယ်လို့ ဆိုပါတယ်။PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဟာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေး ဟူသည့် လုပ်ငန်းစဥ်(၅)ရပ်နဲ့ ဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

You may have missed