ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်မှာ လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၂ ကွန်မန်ဒိုစစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးသေဆုံးကြောင်း Thawthikhoအဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာ ၃ရက် ညနေ ၂နာရီခန့်မှာ သံတောင်ကြီး ၁၃ မိုင်မှ ပျားစခန်းကျေးရွာကို လမ်းကင်ယူဖို့ ဆင်းလာတဲ့ အာဏာသိမ်းအကြမ်းဖက် များကို KNU တပ်ရင်း(၅) ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဖက်မှ (၄)ဦးထက်မနည်း သေဆုံးပြီး များစွာ ဒါဏ်ရာရရှိကြောင်း သိရှိရပါတယ်။
အလားတူ ညနေ ၃နာရီ ၅၀မိနစ်မှာလည်း တောင်ငူမှ သံတောင်ကြီးဘုရင့်နောင်တပ်ကို တပ်ရင်းမှူးသင်တန်းတက်ရောက်ဖို့အတွက် စစ်ကား ၁၂ စီးဖြင့် တက်လာရာ ၆မိုင်ရောက်ရှိချိန် တပ်မဟာ၂ကော်မာဒိုစစ်ကြောင်းနဲ့ ထပ်မံပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ဒါ့အပြင် နိုဝင်ဘာ ၅ရက် နေ့ကလည်း ဘုရင့်နောင်တပ်မှ သင်တန်းဆင်း ပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီများကို ၆ မိုင်ဝန်းကျင်မှာ တပ်မဟာ၂ ကော်မာဒိုစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က များစွာထိခိုက်သေဆုံး ဒါဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနဲ့ တပ်မဟာ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ရက်တာထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၈ရက်နေ့ကလည်း သံတောင်ကြီးမှ တောင်ငူသို့ ခြေကျင်ဖြင့် ပြန်ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံ ပျောက်ကျားစစ်ကြောင်းများက ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၂၀ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်း Thawthikhoအဖွဲ့က ထုတ်ပြန်ထားပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ