Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 25, 2025

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီး ဖမ်းဆီးခံထားရသူများရဲ့ အသက်အန္တရာယ်စိုးရိမ်ရ

နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် အသက်အရွယ်ကြီးရင့်နေတဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။စစ်အုပ်စု မတရားဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ ဟာ ကွယ်လွန်ခါနီးမှ အရေးပေါ်ဆေးကုသမှုနဲ့ သတိလစ်မေ့မျောနေခါမှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။”ကျန်းမာရေးအလွန်ဆိုးရွားနေပြီး အသက်ရှင်သန်ရန် ရာခိုင်နှုန်းနည်းနေတဲ့အချိန်ကျမှ စစ်ကောင်စီမှ လွတ်ငြိမ်းပေး၍ ပြန်လွတ်ပေးနေခြင်းဟာ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိ၍ သေဆုံးနေရမှုများအား ဖုံးကွယ်ရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။”လို့ PPNM က ထုတ်ပြန်ပြောပါတယ်။လူထုခေါင်းဆောင်အပါအဝင် အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ် အာမခံနိုင်ခြေနဲ့ ထောင်တွင်းမှာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်မယ်ဆိုတဲ့ အသက်အာမခံ ရှိမနေတာဟာ စိုးရိမ်စရာကောင်းတဲ့ အချက်ဖြစ်တယ်လို့ PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA မီဒီယာကို ဖြေကြားထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကလည်း နေပြည်တော်အကျဉ်းထောင်ရဲ့ ဆိုးဝါးတဲ့ နေထိုင်ရပုံတွေကြောင့် သူ့ မိခင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ အဆက်အသွယ်မရရှိတာကြာပြီဖြစ်ကြောင်း သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

မန္တလေးမြို့တော်ကို Smart City အဖြစ်ပြောင်းလဲစေခဲ့သူ၊ မန္တလေးလူထုတရပ်လုံးက လေးစားဂါရဝထားရသူ ရွေးကောက်ပွဲလေးကြိမ်ပြိုင်ပြီး လေးထပ်ကွမ်းအနိုင်ရ အမတ်ဘွဲ့ခံနိုင်ခဲ့သူ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်အုပ်စုခေါင်းဆောင်အဆက်ဆက် က ဖမ်းဆီးခဲ့သလို မင်းအောင်လှိုင်လက်ထက်မှာတော့ သွေးကင်ဆာကို အပြင်းထန်ဆုံးရင်ဆိုင်နေချိန် အကျဉ်းထောင်တွင်း မလုံလောက်တဲ့ဆေးဝါးကုသ စောင့်ရှောက်မှုတွေကြောင့် ကွယ်လွန်ခါနီးကျမှ မန္တလေးဆေးရုံကြီး ICU ကို ဆေးဝါးကုသစေခဲ့ပါတယ်။အသက် ၇၃နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်ကို အောက်တိုဘာ ၆ရက်နေ့က မန္တလေး ဆေးရုံကြီး ICU ခန်းမှာ သတိလစ်မေ့မျောနေချိန် လွတ်ငြိမ်းခွင့်ပေးကြောင်း ဖတ်ပြခဲ့ပြီး နောက်တနေ့ အောက်တိုဘာ ၇ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အလားတူ မြန်မာပြည်ကို လျှပ်စစ်ကဏ္ဏတိုးတက်စေပြီး ဈေးကြီးတဲ့ စစ်တပ်ရဲ့ MEC ထုတ် မီတာဘောက်တွေကို ပိတ်ပင်ခဲ့တဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာလည်း မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးနောက် ၁၁ရက်အကြာ နိုဝင်ဘာ ၉ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။အသက်အရွယ်ကြီးရင့်နေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပြင် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ CDMဝန်ထမ်းများရဲ့ အသက်အန္တရယ်ကိုလည်း ခြိမ်းခြောက်နေခြင်းဖြစ်တယ်လို့ PPNM က ဆိုပါတယ်။ဖမ်းဆီးခံထိတ်တန်းခေါင်းဆောင်တွေဟာ စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူထားတဲ့စာရင်းထုတ်ပြန်မှုအရ စစ်တပ်အာဏာသိမ်းပြီးနောက် အောက်တိုဘာလ ၆ရက်အထိ ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

You may have missed