Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
January 13, 2026

ကရင်ပြည်နယ် BGF နယ်မြေမှာ ကျားဖြန့်ဂိုဏ်းများ ပိုမိုခေါင်းထောင်လာနေပြီး တရုတ်တွေကို ဟန်ပြမောင်းထုတ်ခဲ့

တရုတ်နိုင်ငံနှင့် ကိုးကန့်တပ်မတော်တို့ပူးပေါင်းပြီး ရှမ်းမြောက်ဒေသငွေလိမ်ဂိုဏ်းများကို နှိမ်နင်းပြီးနောက်မှာ စစ်ကောင်စီကလည်း ၄င်းတို့စောင့်ရှောက်ထားတဲ့ ကျားဖြန့်ဂိုးဏ်းခေါင်းဆောင်တွေကို တရုတ်လက်ကို ထိုးအပ်ခဲ့ကြပါတယ်။ အဲ့ဒီရိုက်ခတ်မှုဟာ ကရင်ပြည်နယ် မြဝတီအနီးက စောချစ်သူခေါင်းဆောင်တဲ့ ရွှေကုက္ကိုလ်ဒေသ ကျားဖြန့်ဂိုဏ်းတွေကို ပိုမိုကြီးထွားဖို့ ဖြစ်စေခဲ့ပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း BGF ကပါဝင်ပက်သက်ပြီး အကျိုးအမြတ်ရယူနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းလှုပ်ရှားမှုတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာပဲ BGF ခေါင်းဆောင်များဟာ တရုတ်တွေကို အမြန်ဆုံးထွက်ခွါဖို့ သတိပေးခဲ့ကြပါတယ်။ သတိပေးချက်ထဲမှာတော့ “ နယ်စပ်ဖြတ်ကျော် ခိုးဝင်နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်တွင်း ထွက်ခွါပေးကြရမယ်” လို့ မေလ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့ထိ သတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း BGF နယ်မြေတွင်း တွေ့ရှိရင် ထိရောက်စွာအရေးယူမယ်လို့ သတိပေးထားခဲ့ကြပေမယ့် အခုတော့ သတ်မှတ်ရက်ပြည့်သွားတဲ့အချိန်မှာ တရုတ်များဟာ ပိုမိုများပြားလာပြီး အဆောက်အဉီများလည်း အကြီးအကျယ်တိုးပွားလာနေပါတယ်။ တော်လှန်ရေးတိုက်ပွဲများ ပြင်းထန်နေချိန်မှာပဲ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိန်းချုပ်ပြီး အကျိုးအမြတ်ကြီးပွားခဲ့တဲ့ BGF ဟာ ၄င်းတို့ရဲ့ တပ်ဖွဲ့အမည်ကို ကရင်အမျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲခဲ့တဲ့အပြင် စစ်ကောင်စီလက်အောက်မှာမနေတော့ဘူးဆိုတဲ့ သတင်းစကားတွေလည်း ထုတ်ပြန်လာခဲ့ဖူးပါတယ်။ ကရင်လူထုလွတ်မြောက်ရေးအတွက် ဘာတိုက်ပွဲမှမဖော်ဆောင်တဲ့ BGF ဟာ ၄င်းတို့ရဲ့အကြောင်းပြချက်ကတော့ အမြဲတမ်းလိုလို ရပ်ရွာထိခိုက်နစ်နာမယ်ဆိုတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ကရင်အမျိုးသားတပ်မတော်အစား ပြည်သူတွေကြားမှာ ရွှေကုက္ကိုလ်စောင့်တဲ့ BGF အဖြစ်သာ လူပြောသူပြောများခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် မြောက်ပိုင်းတပ်တွေ ပူးပေါင်းလှုပ်ရှားမှု ရပ်တန့်သွားတဲ့အခုလိုချိန်မှာတော့ ရွှေကုက္ကိုလ်ကျားဖြန့်နယ်မြေဟာ တဖန်ပြန်ပြီး ခေါင်းထောင်လာနေပါတယ်။ BGF သို့မဟုတ်စောချစ်သူ ထိန်းချုပ်ထားတဲ့ ဝမ်ခ၊ သဲပုံကျေးရွာ၊ မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာများမှ ပြည်သူများကို ရွှေက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လည်ဇုန်များရှိ အကြီး အ ကျယ် တိုးချဲ့နေသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလုပ်သမားများ အဖြစ် ခေါ်ယူနေကြပါတယ်။ တရုတ်နိုင်ငံသားများ အပါအဝင် အွန်လိုင်းငွေလိမ်ဇုန်များသို့ လာရောက်နေကြသည့် နိုင်ငံခြားသားများမှာလည်း ဝင်လာမစဲ တဖွဲဖွဲ ဖြစ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရပါတယ်။ “ ထိုင်း-မြန်မာ နယ်စပ်တလျှောက် မှာ တရုတ်တွေကတော့ ဝင်လာမစဲ တဖွဲဖွဲဖြစ်ကြောင်း တရုတ် တွေ ကို ၁၀ လပိုင်းကုန်မှာ နှင်ထုတ်တဲ့ စာတွေက BGF ကထုတ်ထားတာရှိတယ်။ အဲဒါတွေက ဟန်ဆောင်ရုံသာဖြစ်ပြီး တစ်နေ့ တစ်နေ့ လာလိုက်တာတွေ နည်းတာမဟုတ်ကြောင်း၊ BGF နဲ့ တရုတ်ဂိုဏ်းတွေ နှင်ထုတ်နေတာက လုပ်ငန်းခွင်မှာ အသုံးမကျတဲ့သူမျိုး သောက်စား မူးယစ် ဘယ်လိုမှ နေဖို့အဆင်မပြေတဲ့ တရုတ်တွေလောက်သာပြန်ပို့ပြီး တရုတ်အပါဝင် လူပေါင်းစုံက ထပ်လာနေဆဲပါပဲ” လို့ BGFနှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေး စစ်ရေးမတည်ငြိမ်ခြင်းဟာ ကျားဖြန့်အွန်လိုင်း လူလိမ်တွေနှင့် လူလိမ်တွေကိုနေရာပေးပြီး ကြီးပွားရေးလုပ်မယ့် လက်နက်ကိုင်တပ်များအတွက်တော့ အခွင့်ကောင်းတခုအဖြစ် ရွှေကုက္ကိုလ်က ထင်ရှားတဲ့သက်သေတခုပါ။ ၄င်းတို့ရဲ့နယ်မြေတွေမှာ ခုဆိုရင် လူ ၃၀၀ မှ ၅၀၀ ဆန့် အဆောက်အအုံကြီးများ မြောက်မြားစွာ တိုးချဲ့တည်ဆောက်နေပြီး အဓိက လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းဘက်မှ ပမာဏတန်ပေါင်းများစွာ တင်သွင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ရွှေကုက္ကိုလ်နှင့် ကျားဖြန့်နယ်မြေအသီးသီးမှာ တရုတ်စာဖြင့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ တရုတ်ဆေးခန်း၊ ဆေးရုံ၊ ကုန်တိုက်နှင့်စတိုးများစွာ တိုးပွားလာကြောင်း၊ အနီးအနားပတ်ဝန်း ကျင်ကျေးရွာများမှ ပြည်သူများမှာလည်း အလုပ်အကိုင်များစွာ ရရှိသဖြင့် အစားအသောက်ပို့သည့် လုပ်ငန်းမှာလည်း အလွန်အလုပ်ဖြစ်နေကြောင်း သိရှိရပါတယ်။ ခုလို အာဏာသိမ်းခေတ်အောက်မှာ ပြည်သူတွေအလုပ်ရခြင်းကပဲ ၄င်းတို့ရဲ့ ကျေးဇူး တရုတ်တွေရဲ့ကျေးဇူးကြောင့်ဖြစ်တယ်လို့ BGF နဲ့နီးစပ်သူများက ပြောလေ့ရှိပါတယ်။

“ အလုပ်သမားတွေ နေထိုင်ဖို့ အဆောင်တွေ လိုင်းခန်းတွေ ဆောက်သလောက် လူ အပြည့်ပဲ ငှါးမလောက်ကြောင်း၊ ကျားဖြန့်မှာလုပ်တဲ့ လူတွေအတွက် စားသောက်ဖို့အတွက် ရပ်ကွက်ထဲက အိမ်တွေမှာ အစားသောက် ချက်ပြီး သီးသန့်အော်ဒါ ပို့ ဖို့ စားဖိုဆောင် လုပ်ကြကြောင်း၊ လူ ၃၀၀၊ လူ ၅၀၀ စသဖြင့် စားဖိုချက်တဲ့ အလုပ်လုပ်သူတွေ ရပ်ကွက်တိုင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာဆိုရင် တရုတ်ပစ္စည်းများကို အဓိကသုံးပြီး ထိုင်းကနေ ကွန်တိန်နာအလုံးလိုက် သယ်လာတာဖြစ်ကြောင်းနဲ့ နယ်စပ်က BGF ဂိတ်တွေကနေ တွဲကားတွေကို ဇက် ပေါ်တင်ပြီး ဖြတ်နေကြကြောင်း သိရပါတယ်။ ထို့ပြင်နိုင်ငံခြားသားများကို ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်ဇုန်များဆီသို့ ထိုင်းနယ်စပ်မှတစ်ဆင့် သွား ရောက် ကြိုဆိုပြီး ပို့ဆောင်ပေးသည့် လုပ်ငန်းမှာလည်း ကြီးထွားနေပြီး BGF ကအ ဓိက လုပ်ကိုင်ကြောင်း၊ နိုင်ငံခြားသား ၁ ဦးလျှင် ဘတ်ငွေ ၃ သောင်းဖြင့် ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။

အမေရိကန်အဖွဲ့အစည်းဖြစ်တဲ့ USIP ကတော့ ရှမ်းမြောက်ပိုင်းမှာ နှိမ်နင်းခံရတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာကရင်ပြည်နယ်မှာ စုပုံရောက်ရှိနေပြီး BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ဟာ ကျားဖြန့် လုပ်ငန်းများကို အကာအကွယ်ပေးနေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်းထုတ်ပြန်ထားပြီး၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန်ကိုလည်း အကြံပြုထားပါတယ်။ မြ၀တီမြို့နယ်မှာ အွန်လိုင်းကျားဖြန့်များ အခြေစိုက်ရာဖြစ်တဲ့ ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းတွေဟာ ကျားဖြန့်ဇုန်နယ်မြေအဖြစ် ထင်ရှားပါတယ်။ ဒီလိုနဲ့ ဥရောပသမဂ္ဂ (EU)က BGF ခေါင်းဆောင် ပုဂ္ဂိုလ်များနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို အရေးယူပိတ်ဆို့ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြပါတယ်။ EU ပိတ်ဆို့မှုနဲ့ပက်သက်ပြီး” ကိုယ့်နိုင်ငံအတွင်း နေထိုင်သည့်အတွက် မည်သူမှ လာရောက်အရေးယူ၍မရကြောင်း BGF တပ်နယ်-၂ ဗျူဟာမှူးဗိုလ်မှူးစောတင်ဝင်းက တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အခုလိုကရင်ပြည်နယ်မှာ ကြီးမားလာတဲ့ ကျားဖြန့်တွေကိုနှိမ်နင်းဖို့ တရုတ်နှင့်ထိုင်းကို ကေအန်ယူဘက်က ဖိတ်ခေါ်ခဲ့ဖူးပေမယ့် ဘာမှအရာထင်လာတာ မတွေ့ရပါဘူး။ ဒါတင်မကပါဘူး ။ စစ်ကောင်စီနှင့် ထိုင်းအာဏာပိုင်တို့ကလည်း (ကျားဖြန့်)လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအတွင်းက ဆွေးနွေးခဲ့ကြပါသေးတယ် ဘာမှအရာထင်လာတာမတွေ့ရပါဘူး။ ဒီလိုနည်းနဲ့ အာဏာသိမ်းခံနေရစဉ်မှာပဲ အကြီးအကျယ်ချမ်းသာလာတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဟာ တပ်ဖွဲ့အင်အားကိုလည်း လစာ ဘတ် ၅ ထောင်အနည်းဆုံးပေးပြီး အင်အားကြီးထွားစေခဲ့ပါတယ်။ ၈၀၀၀ ထက်မနည်း အင်အားတောင့်တင်းတဲ့ BGF တပ်ဟာ စစ်ကောင်စီပြုတ်ကျရေးသမိုင်းဝင်တော်လှန်ရေးမှာလည်း စစ်ကောင်စီနဲ့ ပဋိပက္ခဖြစ်ဖို့ ငြင်းဆန်ပြီး တစထက်တစ လက်နက်အင်အား ဓနအင်အားကြီးမားလျက်ရှိကြောင်း စုစည်းတင်ပြလိုက်ရပါသည် ။

You may have missed