Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
September 26, 2025

NLD လက်ထက်မှာ လျှပ်စစ်ကဏ္ဍအတွက် များစွာတိုးတက်စေသူ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် မန္တလေးဆေးရုံကြီး ICUမှာ ကွယ်လွန်

စစ်ကောင်စီဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ မနေ့က နိုဝင်ဘာ ၈ရက် ည ၁၀နာရီလောက်က ကွယ်လွန်သွားပြီလို့ သိရပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကို စစ်ကောင်စီက ကျန်းမာရေးဆိုးဝါးချိန် သတိလစ်မေ့မျောနေချိန်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရတဲ့ မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာ ပိုင်များက လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၁၁ ရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဦးဝင်းခိုင် လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာခဲ့သလို၊ ပြည်သူတွေ လျှပ်စစ်မီတာဘောက်ကုန်ကျစရိတ်လျှော့ချနိုင်အောင် စွမ်းဆောင်ခဲ့ကာ လျှပ်စစ်ကဏ္ဍလည်း များစွာတိုးတက်ပြောင်းလဲနိုင်ခဲ့ပြီး ဝန်ကြီးဦးဝင်းခိုင် ကွယ်လွန်တာဟာ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုပါတယ်။စစ်တပ်ပိုင် MEC က အရည်အသွေးနိမ့်၊ ဈေးကြီးတဲ့ မီတာဘောက်တင်ဒါကို ဖျက်သိမ်းခဲ့လို့ စစ်ဗိုလ်ချုပ်တွေရဲ့ အငြိုးထား ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရပြီး NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ရက်မှာ ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း စစ်ကောင်စီက မန္တလေးဆေးရုံကြီး၊ ICU မှာ ကျန်းမာရေးဆိုးရွားချိန် သတိလစ်ချိန်ကျမှသာ လွတ်ငြိမ်းခွင့်ပေးသည်ဆိုသော အမိန့်စာကို လာရောက် ဖတ်ပြခဲ့ပါတယ်။မင်းအောင်လှိုင်က နိုင်ငံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာတယ်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အသက် ၇၀ကျော်နေပြီဖြစ်တဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဝန်ကြီးဦးဝင်ခိုင်ဟာ စစ်တပ်ပိုင် MEC ထုတ် Ever တံဆိပ် လုပ်ငန်းသုံး နဲ့ လျှပ်စီမီတာဘောက်များကို အရည်အသွေးမပြည့်မှီဘဲ ဈေးကြီးပေးတပ်ဆင်နေရတာကြောင့် ပြည်ဘဏ္ဍာငွေ သက်သာစေရန်နဲ့ ပြည်သူများ အရည်အသွေးမီသော လျှပ် စစ် မီတာများ အသုံးပြုနိုင်စေရန်အတွက် NLD အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ငြင်းပယ်ခဲ့သူလည်းဖြစ်ပါတယ်။ဝန်ကြီးဦးဝင်းခိုင်ဟာ စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့ ခံစားခဲ့ရကာ ကွယ်လွန်ချိန်မှာ အသက် ၇၃နှစ်ရှိပြီဖြစ်ပါတယ်။

You may have missed