Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
March 15, 2026

KIA ထံ လက်နက်ချ အလင်းဝင်းခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဂုဏ်ပြု ကြိုဆို

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာက အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့က ကချင်အထူးဒေသ(၁)ရှိ BGF လက်အောက်ခံ ဖီမော်မြို့၊ ကန်ဖမ်းရွာကို KIA က ဝင်ရောက်လာစဉ် လက်နက်ချ အလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀၀ကျော်ကို KIA က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

လက်နက်မချတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်အချို့က ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ် ထွက်ပြေးသွားတာကြောင့် KIA၊ KPDF တပ်ဖွဲ့တွေ ဆယ်ယူခဲ့ရပါတယ်။KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး အဲ့ဒီရွာကို KIA က ထိန်းချုပ်ထားပါတယ်။အဆိုပါ BGF တပ်တွေဟာ ကချင်တိုင်းရင်းသားအချင်းချင်းဖြစ်ပြီး KIA ထံ လက်နက်ချခဲ့တဲ့ ပြည်သူ့စစ်တွေကို ဂုဏ်ပြုပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟောပြောပွဲကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

You may have missed